ပရိသတ်တွေကို ဘဝအမောတွေ ပြေစေရန် ဟာသပြက်လုံး များဖြင့် ရယ်မောပျော်ရွှင်အောင် လုပ်ပေးခဲ့သူတွေကတော့ ဟာသလူရွှင်တော်များဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်ဘဝလုံးကို အနုပညာလှုပ်ရှားမှုများ ဖြင့်သာအချိန်ကုန်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်များအားလုံး ရိုက်ကူးရေးတွေ ရပ်နားထားရသည်မှာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ ဒါ့ကြောင့်စားဝတ်နေရေး ပြသနာများကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှ ာဖွေနေကြရတာ ဖြစ်ပါ တယ်။

ဟာသလူရွှင်တော် ဦးငြိမ်းချမ်းကလည်း သူ့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့် အညာ ချည်အကျႌလေးတွေကို ဈေးနှုန်းချိုသာစွာဖြင့် Live လွှင့် ရောင်းချနေတာ ဖြစ်ပါတယ်။ ဦးငြိမ်းချမ်းကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း သူ့ Live ထဲသို့ ဝင်ရောက်ပြီး ဝယ်ယူ အားပေးကြဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကသူ့ရဲ့ Facebook အကောင့်တွင် အွန်လိုင်းမှာ ဈေးရောင်းရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်မကောင်းစွာဖြင့်ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ Live ထဲသို့ ဝင်ပြီး ဝယ်မယ်လို့ ပြောခဲ့သော်လည်း ဆက်သွယ်ရမယ့် လိပ်စာမပို့ခဲ့တဲ့ တစ်ချို့ဈေးဝယ်သူများကြောင့် ဒုက္ခရောက်ရကြောင်းကိုလည်း အခုလိုပြောပြထား ပါ တယ်။

” ဦးငြိမ်းချမ်း မြင်းခြံချည်ထည် လေးတွေ စပန့်သားလေးတွေရောင်းတယ် အားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့်တစ်ချို့တွေက ဒါလေးယူမယ်လို့ဝင်မန့်ပြီး messenger မလာဘူး phနံပါတ် လိပ်စာမပို့ဘူး အဲဒီတော့ တကယ်လိုချင်တဲ့သူကမရလိုက်ဘူး အထည်ဖိုးကလည်း ပြန်ရှင်းရတော့မှာဆိုတော့ ပြန်ရောင်း လို့လည်း မရနဲ့ ဒုက္ခရောက်ရပါ တယ်။

ဒါကြောင့် အခုလိုမျိုး မဖြစ်အောင်ကူညီပေးကြပါလို့မေတ္တာရပ်ခံပါတယ်ဗျာ ” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီပို့စ်အောက်တွင် အွန်လိုင်းမှာ ဈေးရောင်းတဲ့အခါ အမြဲကြုံရတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ချို့ကို မှတ်ချက်ပေး ရေးသားထားကြတာ ဖြစ်ပါတယ်။ ဦးငြိမ်းချမ်းတစ်ယောက် အဆင်ပြေပြေနဲ့ ဈေးရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက် ရပါ တယ်။

Source and Photo Crd-Nyein Chan’s Facebook Account

Credit

ပရိသတ္ေတြကို ဘဝအေမာေတြ ေျပေစရန္ ဟာသျပက္လုံး မ်ားျဖင့္ ရယ္ေမာေပ်ာ္ရႊင္ေအာင္ လုပ္ေပးခဲ့သူေတြကေတာ့ ဟာသလူရႊင္ေတာ္မ်ားဘဲ ျဖစ္ပါတယ္။ သူတို႔ရဲ့ တစ္ဘဝလုံးကို အႏုပညာလႈပ္ရွားမႈမ်ား ျဖင့္သာအခ်ိန္ကုန္ဆုံးခဲ့ၾကတာ ျဖစ္ပါတယ္။သို႔ေသာ္လည္း အေျခအေနအရပ္ရပ္ေၾကာင့္ အႏုပညာရွင္မ်ားအားလုံး ရိုက္ကူးေရးေတြ ရပ္နားထားရသည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္စားဝတ္ေနေရး ျပသနာမ်ားကို ေျဖရွင္းရန္ နည္းလမ္းအမ်ိဳးမ်ိဳးရွ ာေဖြေနၾကရတာ ျဖစ္ပါတယ္။

ဟာသလူရႊင္ေတာ္ ဦးၿငိမ္းခ်မ္းကလည္း သူ႔ရဲ့ လူမႈကြန္ယက္မွတစ္ဆင့္ အညာ ခ်ည္အက်ႌေလးေတြကို ေဈးႏႈန္းခ်ိဳသာစြာျဖင့္ Live လႊင့္ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။ ဦးၿငိမ္းခ်မ္းကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း သူ႔ Live ထဲသို႔ ဝင္ေရာက္ၿပီး ဝယ္ယူ အားေပးၾကဖို႔ ေတာင္းဆိုထားၾကတာ ျဖစ္ပါတယ္။မၾကာေသးခင္ နာရီပိုင္းေလာက္ကသူ႔ရဲ့ Facebook အေကာင့္တြင္ အြန္လိုင္းမွာ ေဈးေရာင္းရင္း ၾကဳံေတြ႕ရတဲ့ အခက္အခဲေတြကို စိတ္မေကာင္းစြာျဖင့္ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။ Live ထဲသို႔ ဝင္ၿပီး ဝယ္မယ္လို႔ ေျပာခဲ့ေသာ္လည္း ဆက္သြယ္ရမယ့္ လိပ္စာမပို႔ခဲ့တဲ့ တစ္ခ်ိဳ႕ေဈးဝယ္သူမ်ားေၾကာင့္ ဒုကၡေရာက္ရေၾကာင္းကိုလည္း အခုလိုေျပာျပထား ပါတယ္။

” ဦးၿငိမ္းခ်မ္း ျမင္းၿခံခ်ည္ထည္ ေလးေတြ စပန႔္သားေလးေတြေရာင္းတယ္ အားေပးၾကလို႔ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒါေပမယ့္တစ္ခ်ိဳ႕ေတြက ဒါေလးယူမယ္လို႔ဝင္မန႔္ၿပီး messenger မလာဘူး phနံပါတ္ လိပ္စာမပို႔ဘူး အဲဒီေတာ့ တကယ္လိုခ်င္တဲ့သူကမရလိုက္ဘူး အထည္ဖိုးကလည္း ျပန္ရွင္းရေတာ့မွာဆိုေတာ့ ျပန္ေရာင္း လို႔လည္း မရနဲ႔ ဒုကၡေရာက္ရပါတယ္။

ဒါေၾကာင့္ အခုလိုမ်ိဳး မျဖစ္ေအာင္ကူညီေပးၾကပါလို႔ေမတၱာရပ္ခံပါတယ္ဗ်ာ ” ဆိုၿပီးေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဒီပို႔စ္ေအာက္တြင္ အြန္လိုင္းမွာ ေဈးေရာင္းတဲ့အခါ အျမဲၾကဳံရတဲ့ ျပသနာေတြကို ေျဖရွင္းဖို႔ နည္းလမ္းတစ္ခ်ိဳ႕ကို မွတ္ခ်က္ေပး ေရးသားထားၾကတာ ျဖစ္ပါတယ္။ ဦးၿငိမ္းခ်မ္းတစ္ေယာက္ အဆင္ေျပေျပနဲ႔ ေဈးေရာင္းေကာင္းပါေစလို႔ ဆုေတာင္းေပးလိုက္ ရပါတယ္။

Source and Photo Crd-Nyein Chan’s Facebook Account

Credit