ဇန္နဝါရီလ (၂၁) ရက္ေန႔ ဒီေန႔ေလးကေတာ့ ကေလးသ႐ုပ္ေဆာင္ဘဝထဲက ပရိသတ္ေတြ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ သ႐ုပ္ေဆာင္ အိစိေကြးရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္ ။ ဒီႏွစ္ေမြးေန႔ေလးကေတာ့ အိစိရဲ႕ အသက္ (၂၀) ျပည့္တဲ့ေမြးေန႔ေလးျဖစ္ၿပီး အိစိတစ္ေယာက္ အရမ္းကို လူႀကီးဆန္လာခဲ့တယ္လို႔ဆိုရမွာပါပရိသတ္ႀကီးေရ ..။

အိစိက ေမြးေန႔မတိုင္ခင္ ဇန္နဝါရီလ (၁၉) ရက္ေန႔ထဲက သူ႔ရဲ႕ေမြးေန႔အတြက္ လိုခ်င္တဲ့ အရာေလးတစ္ခု ကိုေတာင္းဆိုခဲ့တာပါ ။ အိစိေတာင္းဆိုခဲ့တာေလးကေတာ့ ေမြးေန႔ ဆိုေပမယ့္လည္း ဒီကာလ မွာ လူတိုင္းအလုပ္မေကာင္းၾကတဲ့အတြက္ မိဘေတြေရာ ခ်စ္ရတဲ့သူေရာ ခ်စ္ရတဲ့ ပရိသတ္ေတြေရာ မိတ္ေဆြေတြေရာ အားလုံးကို လက္ေဆာင္မေပးၾကဖို႔ အတြက္ အားလုံးဘက္က ၾကည့္ၿပီး ေတာင္းဆိုခဲ့တာျဖစ္ပါတယ္ ။

ေမြးေန႔ေလးကို သတိတရေလးနဲ႔ ဆုေတာင္း လုပ္ေပးၾက ၊ အသိအမွတ္ျပဳေပးၾကရင္ ေက်နပ္ပါၿပီ ျဖစ္ေၾကာင္း နဲ႔ ေမြးေန႔မွာ အားလုံးနဲ႔ ပုံမွန္ ခ်စ္ခ်စ္ခင္ခင္ ေနခြင့္ရရင္ကို တကယ္ ေက်နပ္ပါၿပီလို႔ သူ႔ရဲ႕ ဆႏၵေလးကိုေရးသားေဖာ္ျပခဲ့တာပါ ။ အိစိ ရဲ႕ အမာခံပရိသတ္ေတြကေတာ့ လူႀကီးဆန္ၿပီး ကိုယ္ခ်င္းစာတရားျပည့္ဝတဲ့အိစိရဲ႕ စိတ္ဓာတ္ေလးကို ေလးစား ခ်စ္ခင္ေၾကာင္းနဲ႔အတူ ေမြးေန႔ဆုမြန္ေကာင္းေလးေတြ ေတာင္းေပးခဲ့ၾကပါတယ္ ။

Source : Eisi Kway
Credit; (Cele Gabar)

ဇန်နဝါရီလ (၂၁) ရက်နေ့ ဒီနေ့လေးကတော့ ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနှစ်မွေးနေ့လေးကတော့ အိစိရဲ့ အသက် (၂၀) ပြည့်တဲ့မွေးနေ့လေးဖြစ်ပြီး အိစိတစ်ယောက် အရမ်းကို လူကြီးဆန်လာခဲ့တယ်လို့ဆိုရမှာပါပရိသတ်ကြီးရေ ..။

အိစိက မွေးနေ့မတိုင်ခင် ဇန်နဝါရီလ (၁၉) ရက်နေ့ထဲက သူ့ရဲ့မွေးနေ့အတွက် လိုချင်တဲ့ အရာလေးတစ်ခု ကိုတောင်းဆိုခဲ့တာပါ ။ အိစိတောင်းဆိုခဲ့တာလေးကတော့ မွေးနေ့ ဆိုပေမယ့်လည်း ဒီကာလ မှာ လူတိုင်းအလုပ်မကောင်းကြတဲ့အတွက် မိဘတွေရော ချစ်ရတဲ့သူရော ချစ်ရတဲ့ ပရိသတ်တွေရော မိတ်ဆွေတွေရော အားလုံးကို လက်ဆောင်မပေးကြဖို့ အတွက် အားလုံးဘက်က ကြည့်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ် ။

မွေးနေ့လေးကို သတိတရလေးနဲ့ ဆုတောင်း လုပ်ပေးကြ ၊ အသိအမှတ်ပြုပေးကြရင် ကျေနပ်ပါပြီ ဖြစ်ကြောင်း နဲ့ မွေးနေ့မှာ အားလုံးနဲ့ ပုံမှန် ချစ်ချစ်ခင်ခင် နေခွင့်ရရင်ကို တကယ် ကျေနပ်ပါပြီလို့ သူ့ရဲ့ ဆန္ဒလေးကိုရေးသားဖော်ပြခဲ့တာပါ ။ အိစိ ရဲ့ အမာခံပရိသတ်တွေကတော့ လူကြီးဆန်ပြီး ကိုယ်ချင်းစာတရားပြည့်ဝတဲ့အိစိရဲ့ စိတ်ဓာတ်လေးကို လေးစား ချစ်ခင်ကြောင်းနဲ့အတူ မွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။

Source : Eisi Kway
Credit; (Cele Gabar)