


Credit– Cele Zone
Photo – Hein Wai Yan

ပရိတ်သတ်ကြီးရေ…..ဟိန်းဝေယံကတော့ ဇာတ်ကားတွေတော်တော်များမျာ းရိုက်ကူးထားပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်ခြင်းတွေကိုပါ အခိုင်အမာရရှိထားကာ အောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်တစ်ယောက်အဖြစ် ဒီနေ့ထိ ရပ်တည်နေသူပါ။

လက်ရှိအခြေအနေတွေမှာလည်း ဟိန်းဝေယံက ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်သလို လမ်းပေါ်ထွက်နေတဲ့ သူရဲကောင်းတွေနဲ့ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါ တယ်။

ခုလိုသြင်္ကန်ရက်မှာလည်း အကြိုနေ့ထဲက မိသားစုနဲ့အတူ ကုသိုလ်ကောင် းမှုများစွာပြုလုပ်လျက်ရှိတာလည်းဖြစ်ပါတယ်။ ဒီနေ့ သြင်္ကန် အကြတ်နေ့မှာလည်း သံဃာတော်များကို ဆွမ်းဆက်ကပ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ အလှူပုံလေးတွေနဲ့ အတူ” သြင်္ကန်အကြတ်နေ့ နေ့ဆွမ်းအလှူ (၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ..”ဆိုတဲ့စာလေးရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit– Cele Zone
Photo – Hein Wai Yan