ျဖဴစင္တဲ့ပရဟိတႏွလုံးသာေလးကို ပိုင္ဆိုင္ထားၿပီးေတာ့ ပရိသတ္ေတြအ ားလုံး ေလးစားခ်စ္ခင္ေနရတဲ့ ခိုင္ႏွင္းေဝဆိုတာ ဒိတ္ဒိတ္ၾကဲမင္းသမီးေလးတစ္လက္ပါပဲေနာ္။ အခုအခ်ိန္မွာဆိုရင္သူမဟာ လူမႈကူညီေရးပရဟိတေလးေတြတင္သာမက မိဘမဲ့ ကေလးေလးေတြအတြက္လည္း မိခင္အရင္းသဖြယ္ ေကၽြးေမြးျပဳစု ေစာင့္ေရွာက္ေပ းေနတာလည္းျဖစ္ပါတယ္။

ခုလိုေတာ္လွန္ေရးကာလႀကီးမွာလည္း ျပည္သူေတြနဲ႔အတူရပ္တည္ကာ လိုအပ္တာမွန္သမၽွကို ရရာေနရာကေန တတ္နိုင္သေ လာက္ပါဝင္ကူညီရင္း လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့တာကိုလည္းေလးစားစြာေတြ႕ျမင္ရပါတယ္။ဒါ့အျပင္တိုက္ပြဲမွာက်ဆုံးသြားတဲ့ သူရဲေကာင္းေတြရဲ့ မိသားစုေတြဆီကိုလည္း ကိုယ္တိုင္သြားေရာက္ကာ အားေပးႏွစ္သိမ့္ရင္း အလႉေငြမ်ားလႉဒါန္းခဲ့ပါေသးတယ္။

အခုလည္း စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြဆီကို ကိုယ္တိုင္သြားေရာက္ကာ ၾသကၤန္တြင္း အစားအေသာက္အဆင္ေျပေစရန္ ဆန္မ်ားကို ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးခဲ့ျပန္ပါတယ္။ခိုင္ႏွင္းေဝကေတာ့ ေန႔စဥ္တိုင္းလိုလို လႉဒါန္းမႈေတြျပဳလုပ္လ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။ပရိသတ္ႀကီးအတြက္ ခိုင္ႏွင္းေဝရဲ့ ပုံေလးေတြကို ေဝမၽွေပး လိုက္ပါရေစ။

Credit– Cele Zone
Photo – Khine Hnin Wai

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအ ားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ကျွေးမွေးပြုစု စောင့်ရှောက်ပေ းနေတာလည်းဖြစ်ပါတယ်။

ခုလိုတော်လှန်ရေးကာလကြီးမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လိုအပ်တာမှန်သမျှကို ရရာနေရာကနေ တတ်နိုင်သေ လာက်ပါဝင်ကူညီရင်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း အလှူငွေများလှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက်ကာ သြင်္ကန်တွင်း အစားအသောက်အဆင်ပြေစေရန် ဆန်များကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ပြန်ပါတယ်။ခိုင်နှင်းဝေကတော့ နေ့စဉ်တိုင်းလိုလို လှူဒါန်းမှုတွေပြုလုပ်လျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ ပုံလေးတွေကို ဝေမျှပေး လိုက်ပါရစေ။

Credit– Cele Zone
Photo – Khine Hnin Wai