ပရိတ်သတ်ကြီးရေ အခုလက် တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်းများစွာ စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။

သရုပ်ဆောင် ဒေါင်း၊ မေမြတ်နိုး၊ မေ တို့အပါအဝင် ဘုန်းဆက်သွင်၊ မင်းသွေးလျှံ၊ သက်ထားစုစံ၊ စိန်ဒူးဝါး၊ သာမိုး(ခ) ကိုမိုး၊ စည်သူအောင်မြင့်၊ အိသဉ္ဇာမောင်၊ ကောင်းမြတ်သူ၊ ကျော်နိုင်ဦး၊ ဥက္ကာငြိမ်းချမ်း၊ ရဲမင်းကြည်၊ သန့်ဇင်အောင်၊ ကျော်စွာချမ်းမြေ့၊ ဒေါက်တာရွှေပုံ၊ ယွန်းသီရိရွှေဇင် တို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထပ်မံ ကြေညာ သွားပါတယ်။

ယခု ထုတ်ပြန်တဲ့ စာရင်းဟာ ယခင်က ထုတ်ပြန်ထားတဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူများ စာရင်းမှာ ပါဝင်ခဲ့ပြီးသားသူများကို ထပ်မံ ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူများအား စစ်ကောင်စီမှ နေ့စဉ် ထုတ်ပြန် ကြေညာလျက် ရှိရာ အခုဆိုရင် အယောက် ၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

Credit…..