အဆိုေတာ္ၾကီး ရင္ဂိုရဲ့ သားနဲ့ သမီးျဖစ္တဲ့ ဟန္ထူးလြင္နဲ့ ဟန္ေနလြင္လြင္တို့က ဖခင္ျဖစ္သူရဲ့ ေျခရာကိုနင္းျပီး အနုပညာေလာကထဲမွာ ေအာင္ျမင္စြာရပ္တ ည္ေနသူေတြျဖစ္ပါတယ္။ ဟန္ထူးလြင္က Big Bag Band နဲ့အတူတူ သီခ်င္းေတြ သီဆိုေနသလို ဟန္ေနလြင္လြင္ကေတာ့ သူမရဲ့ Hannay and The Zens Band နဲ့အတူတူ သီခ်င္းေတြ သီဆိုဖန္တီးေနတာပဲ ျဖစ္ပါတယ္။ ဟန္ထူးလြင္နဲ့ ဟန္ေနလြင္လြင္တို့ ေမာင္နွမနွစ္ေယာက္ကေတာ့ စိတ္တူ ကိုယ္တူ ဝါသနာတူၾကတာေၾကာင့္ အျခားေမာင္နွမေတြထက္ ပိုျပီး ရင္းနွီးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း ဟန္ထူးလြင္က သူ့ရဲ့ တစ္ဦးတည္ းေသာညီမေလး ဟန္ေနလြင္လြင္ကို အိမ္ထိလာျပီး Surprise လက္ေဆာင္ေပးခဲ့ေၾကာင္းကို ဟန္ေနလြင္လြင္က “အိပ္ေနတုံး ခူခူး ဆိုၿပီးအက်ယ္ႀကီးေအာ္ေခၚတာၾကားလိုက္သလိုလိုမၾကားလိုက္သလိုလို ေဖေဖနဲ႔ကိုေတးက အသံက်ယ္က်ယ္ေအာ္ရင္ဘယ္သူမွန္းမသိဘူးခြဲရခက္တယ္ အိပ္မက္မက္ေနတယ္ထင္ၿပီးဇေဝဇဝါနဲ႔ထမၾကည့္ပဲ ျပန္အိပ္ေနတာ phone ေခၚၿပီး ဟဲ့ ျပဴတင္းေပါက္ဖြင့္ၾကည့္ လက္ေဆာင္လာေပးတာ ဆိုေတာ့ဖြင့္လဲၾကည့္ေရာ TADA!!! 😍 Han Htue Lwin သိုင္းက်ဴးစိုးမက္ အိုင္လက္အစ္” ဆိုျပီး ေျပာျပလာပါတယ္။

ဟန္ထူးလြင္ကေတာ့ ညီမေလးအတြက္ စီးေတာ္ယာဥ္ေလးတစ္စီးလက္ေဆာင္ေပးျပီး ေပ်ာ္ရႊင္သြားေအာင္ ျပဳလုပ္ေပးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဟန္ထူးလြင္နဲ့ ဟန္ေနလြင္လြင္တို့ ေမာင္နွမနွစ္ေယာက္ ကိုၾကည့္ျပီး ၾကည္နူးေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Hannay Lwin Lwin’s fb
Credit – Cele Connections

အဆိုတော်ကြီး ရင်ဂိုရဲ့ သားနဲ့ သမီးဖြစ်တဲ့ ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့က ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး အနုပညာလောကထဲမှာ အောင်မြင်စွာရပ်တ ည်နေသူတွေဖြစ်ပါတယ်။ ဟန်ထူးလွင်က Big Bag Band နဲ့အတူတူ သီချင်းတွေ သီဆိုနေသလို ဟန်နေလွင်လွင်ကတော့ သူမရဲ့ Hannay and The Zens Band နဲ့အတူတူ သီချင်းတွေ သီဆိုဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့ မောင်နှမနှစ်ယောက်ကတော့ စိတ်တူ ကိုယ်တူ ဝါသနာတူကြတာကြောင့် အခြားမောင်နှမတွေထက် ပိုပြီး ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဟန်ထူးလွင်က သူ့ရဲ့ တစ်ဦးတည် းသောညီမလေး ဟန်နေလွင်လွင်ကို အိမ်ထိလာပြီး Surprise လက်ဆောင်ပေးခဲ့ကြောင်းကို ဟန်နေလွင်လွင်က “အိပ်နေတုံး ခူခူး ဆိုပြီးအကျယ်ကြီးအော်ခေါ်တာကြားလိုက်သလိုလိုမကြားလိုက်သလိုလို ဖေဖေနဲ့ကိုတေးက အသံကျယ်ကျယ်အော်ရင်ဘယ်သူမှန်းမသိဘူးခွဲရခက်တယ် အိပ်မက်မက်နေတယ်ထင်ပြီးဇဝေဇဝါနဲ့ထမကြည့်ပဲ ပြန်အိပ်နေတာ phone ခေါ်ပြီး ဟဲ့ ပြူတင်းပေါက်ဖွင့်ကြည့် လက်ဆောင်လာပေးတာ ဆိုတော့ဖွင့်လဲကြည့်ရော TADA!!! 😍 Han Htue Lwin သိုင်းကျူးစိုးမက် အိုင်လက်အစ်” ဆိုပြီး ပြောပြလာပါတယ်။

ဟန်ထူးလွင်ကတော့ ညီမလေးအတွက် စီးတော်ယာဉ်လေးတစ်စီးလက်ဆောင်ပေးပြီး ပျော်ရွှင်သွားအောင် ပြုလုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့ မောင်နှမနှစ်ယောက် ကိုကြည့်ပြီး ကြည်နူးနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Hannay Lwin Lwin’s fb
Credit – Cele Connections