


Source: A Nyein Phyu’s fb

သရုပ်ဆောင် ဧငြိမ်းဖြူကတော့ အသံတိတ်ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုရရှိလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူလေးလှသလို ဝတ်ပုံစားပုံလည်း အထာကျတဲ့ ဧငြိမ်းဖြူက လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပြီး သူမရဲ့ Cover Dance ဗီဒီယိုလေးတွေကလည်း လူကြိုက်များလှတာပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူကလည်း သူမကိုချစ်ပေးကြတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို တစ်နေ့ထက်တစ်နေ့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဧငြိမ်းဖြူက သူမရဲ့ ကြိုးစားမှုတစ်ခုကို ပရိသတ်တွေကို ချပြလာပါတယ်။ ဧငြိမ်းဖြူက “ဒါကတော့ ဒီနေ့ ရှုတင်မှာ ကရင်းရခဲ့တဲ့ ဒဏ်ရာလေးတွေပေါ့ရှင်.. အကောင်းဆုံး ကြိုးစားထားတာပါနော်။ ပင်ပန်းရကျိုးနပ်အောင် အားပေးဖို့သာပြင်ထားတော့နော် ချစ်တို့” ဆိုပြီး ခြေထောက်မှာ အညိုအမဲစွဲတဲ့အထိ ကြိုးကြိုးစားစား အကတိုက်ခဲ့ကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဧငြိမ်းဖြူကတော့ အနုပညာနဲ့ ပက်သတ်လာရင် ပရိသတ်တွေကို အစစ်အမှန်တွေပဲ ပေးချင်သူတစ်ယောက်ပီပီ လူရောစိတ်ပါ အပင်ပန်းခံကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဧငြိမ်းဖြူရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးပြီး အရင်ကထက် ပိုပြီးချစ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: A Nyein Phyu’s fb
Credit – Cele Connections