ဂီတလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္အျဖစ္ယေန႔ထိ ပရိသတ္ေတြရင္ထဲမွာ ရွိေနသူကေတာ့ အစၥဏီပဲ ျဖစ္ပါတယ္။ သူ႔ရဲ့သီခ်င္းေတြကလည္းခုခ်ိန္ထိပရိသတ္ေတြၾကားမွာေအာင္ျမင္ေနဆဲပါ။

အစၥဏီက အမႈကိစၥတစ္ခုေၾကာင့္အက်ဥ္းေထာင္အတြင္းမွာ လေပါင္းမ်ားစြာ အၾကာႀကီး အက်ဥ္းက်ခံေနရတာလည္း ျဖစ္ပါတယ္။သူရဲ့ပရိသတ္ေတြအပါအဝင္ အားလုံးကလည္း စိတ္မေကာင္းျဖစ္ခဲ့ၾကရတာလည္းျဖစ္ပါတယ္။

ဒီေန႔ ဧၿပီလ (၁) ရက္ေန႔မွာေတာ့ အစၥဏီဟာ အက်ဥ္းေထာင္က လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း ဂစ္တာကိုနိုင္ေဇာ္က သူရဲ့အေကာင့္ေလးမွာ ခုလိုေရးသားေဖာ္ျပလာတာျဖစ္ပါတယ္။”အစၥဏီလြတ္ေျမာက္ပါၿပီ အခုေလးတင္သူ႔အေမနဲ႔သူကိုယ္တိုင္ဖုန္းဆက္ပါတယ္ ဘဝကိုအသစ္ကျပန္စပါလို႔မွ ာလိုက္ပါတယ္” စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးလည္း ဝမ္းသာစရာသတင္းေလးကို ၾကည့္ရႈနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Naing Zaw

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်အဖြစ်ယနေ့ထိ ပရိသတ်တွေရင်ထဲမှာ ရှိနေသူကတော့ အစ္စဏီပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကလည်းခုချိန်ထိပရိသတ်တွေကြားမှာအောင်မြင်နေဆဲပါ။

အစ္စဏီက အမှုကိစ္စတစ်ခုကြောင့်အကျဉ်းထောင်အတွင်းမှာ လပေါင်းများစွာ အကြာကြီး အကျဉ်းကျခံနေရတာလည်း ဖြစ်ပါတယ်။သူရဲ့ပရိသတ်တွေအပါအဝင် အားလုံးကလည်း စိတ်မကောင်းဖြစ်ခဲ့ကြရတာလည်းဖြစ်ပါတယ်။

ဒီနေ့ ဧပြီလ (၁) ရက်နေ့မှာတော့ အစ္စဏီဟာ အကျဉ်းထောင်က လွတ်မြောက်လာပြီဖြစ်ကြောင်း ဂစ်တာကိုနိုင်ဇော်က သူရဲ့အကောင့်လေးမှာ ခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။”အစ္စဏီလွတ်မြောက်ပါပြီ အခုလေးတင်သူ့အမေနဲ့သူကိုယ်တိုင်ဖုန်းဆက်ပါတယ် ဘဝကိုအသစ်ကပြန်စပါလို့မှ ာလိုက်ပါတယ်” စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ဝမ်းသာစရာသတင်းလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Naing Zaw