ပရိသတ္ႀကီးေရ.. လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြအရ ျပည္သူေတြကေတာ့ စိုးရိမ္ထိတ္လန႔္မႈေတြနဲ႔အတူ ေန႔ညမျပတ္ေၾကာင့္ၾကပူပန္ေနၾကၿပီး ၿဖိဳခြင္းမႈ ေတြၾကာင့္လည္း အသက္ေပးဆုံးရႈံးမႈေတြအမ်ားအျပားရွိလာခဲ့ၿပီ ျဖစ္ပါတယ္..။ျဖိဳခြင္းမႈေတြရွိေနတဲ့ၾကားက ေသြးမေအးသြား ဘဲ အနာဂတ္ေတြအတြက္ ဆက္လက္ႀကိဳးစားေနၾကတဲ့ လူငယ္ေတြ နဲ႔အတူ အႏုပညာရွင္ေတြကလည္း တတ္နိုင္တဲ့ဘက္ကေန အားျဖည့္ပါဝင္ေနကာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနၾကတာ ေတြ႕ရပါတယ္..။

ႏွစ္လေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာေတာ့ ျပည္သူေတြအားလုံးက အမ်ိဳးမ်ိဳးေသာ လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ၾကသလို အႏုပညာရွင္ေတြစုေပါင္းၿပီးေတာ့လည္း လူနဲ႔မီးအိမ္သပိတ္ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့ၾကတာ ေတြ႕ရပါတယ္..။အေမွာင္ေခတ္ကိုမေၾကာက္ဖို႔ ဉာဏ္မီးအိမ္လႈပ္ရွား မႈျဖစ္ တဲ့ အဆိုပါလူ နဲ႔ မီးအိမ္ သပိတ္မွာေတာ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္အႏုပညာရွင္ေတြအျပင္ ၅၀၅-က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံရတဲ့ အႏုပညာရွင္ေတြလည္း ပါဝင္ၾကတာ ေတြ႕ရပါတယ္..။

“လူနဲ႔မီးအိမ္သပိတ္ အာဏာရွင္ေအာက္ အေမွာင္ေခတ္ေရာက္လည္း ငါတို႔မေၾကာက္ ဒူးမ ေထာက္ဘဲ ဉာဏ္မီးအိမ္အလင္း အေမွာင္ခြင္းဖို႔ထြန္းညႇိလိုက္သည္……။ေ လာကတခြင္လုံး လင္းေစသတည္း။..” ဆိုၿပီးေတာ့လည္း ေရးသားထားၿပီး လႈပ္ရွားမႈပုံရိပ္ေတြကို ေဝမၽွထားပါ..။ တတ္နိုင္တဲ့ ဘက္ကေန တတ္နိုင္သေလာက္ အဖက္ဖက္ကေန လုပ္ေဆာင္ေနၾကတဲ့ ဘုန္းဆက္သြင္တို႔အႏုပညာရွင္ေတြရဲ့ ႀကိဳးစားအားထုတ္မႈေတြကိုေတာ့ ျပည္သူပရိသတ္ေတြကလည္း အားေပးစကားေတြေျပာထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – PhoneSett Thwin’s Fb Acc
Credit…..

ပရိသတ်ကြီးရေ.. လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ နေ့ညမပြတ်ကြောင့်ကြပူပန်နေကြပြီး ဖြိုခွင်းမှု တွေကြာင့်လည်း အသက်ပေးဆုံးရှုံးမှုတွေအများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။ဖြိုခွင်းမှုတွေရှိနေတဲ့ကြားက သွေးမအေးသွား ဘဲ အနာဂတ်တွေအတွက် ဆက်လက်ကြိုးစားနေကြတဲ့ လူငယ်တွေ နဲ့အတူ အနုပညာရှင်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာ တွေ့ရပါတယ်..။

နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာတော့ ပြည်သူတွေအားလုံးက အမျိုးမျိုးသော လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း လူနဲ့မီးအိမ်သပိတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်..။အမှောင်ခေတ်ကိုမကြောက်ဖို့ ဉာဏ်မီးအိမ်လှုပ်ရှား မှုဖြစ် တဲ့ အဆိုပါလူ နဲ့ မီးအိမ် သပိတ်မှာတော့ နာမည်ကျော်သရုပ်ဆောင်အနုပညာရှင်တွေအပြင် ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံရတဲ့ အနုပညာရှင်တွေလည်း ပါဝင်ကြတာ တွေ့ရပါတယ်..။

“လူနဲ့မီးအိမ်သပိတ် အာဏာရှင်အောက် အမှောင်ခေတ်ရောက်လည်း ငါတို့မကြောက် ဒူးမ ထောက်ဘဲ ဉာဏ်မီးအိမ်အလင်း အမှောင်ခွင်းဖို့ထွန်းညှိလိုက်သည်……။ေ လာကတခွင်လုံး လင်းစေသတည်း။..” ဆိုပြီးတော့လည်း ရေးသားထားပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှထားပါ..။ တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလောက် အဖက်ဖက်ကနေ လုပ်ဆောင်နေကြတဲ့ ဘုန်းဆက်သွင်တို့အနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – PhoneSett Thwin’s Fb Acc
Credit…..