ပရိတ္သတ္ၾကီးေရ…..သ႐ုပ္ေဆာင္ ယြန္းယြန္း ကလည္း ေျပာင္းလဲခဲ့တဲ့ နိုင္ငံေရးအေျခအေနေတြမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ေနတဲ့ ျပည္သူထဲက ျပည္သူတစ္ေယာက္ပါ။ ယြန္းယြန္းက လူထုလႈပ္ရွားမႈႀကီးမွာလည္း ျပည္သူေတြနဲ႔အတူ သြားေရာက္ဝန္းရံခဲ့သလို လိုအပ္ေနတဲ့ ေနရာေတြမွာလည္း ကူညီ ေထာက္ပံ့ေပးတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ လက္ရွိျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေနေတြကိုလည္း အမ်ားသိေအာင္ လူမႈကြန္ယက္ထက္ မွာ ေဝမၽွေလ့ရွိတာျဖစ္ပါတယ္။

ခြန္အားျဖစ္ေစမယ့္ စာသားေတြနဲ႔ သူမ ရဲ့ အျမင္ကိုလည္း Facebook Account ထက္မွာ တင္ေပးေလ့ရွိတာျဖစ္ၿပီး မၾကာေသးတဲ့ နာရီပိုင္း အခ်ိန္ကလည္း ပိုစ့္တစ္ခုတင္ေပးလာခဲ့ပါတယ္။ ဒါကေတာ့ မုံရြာၿမိဳ႕က ေအးခ်မ္းတဲ့အျပဳံးေတြကို ပိုင္ဆိုင္ထားၿပီး ရိုးသားတဲ့ အခ်ဥ္ေပါင္းသည္အန္တီႀကီးေၾကာင့္ အေတြးတစ္ခုရခဲ့တဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ အန္တီႀကီးက သူေရာင္းခ်တဲ့ အခ်ဥ္ေပါင္းေတြကို လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ ျပည္သူေတြအတြက္ ေန႔တိုင္းဆိုသလို အလႉျပဳတာေၾကာင့္ ျမင္ေတြ႕သူတိုင္းက ခ်စ္ၾကပါတယ္ေနာ္။

ဘယ္လိုအ​ေျခအေနေတြပဲ ေရာက္ေရာက္ အလႉျပဳဖို႔ကို စိတ္အားထက္သန္ေနတဲ့ အန္တီႀကီးေၾကာင့္ ယြန္းယြန္းက ” ဒီအန္တီကိုျမင္တိုင္း အေတြးတစ္ခုရတယ္ သူလုပ္နိုင္တဲ့အရာကို ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ စြဲစြဲျမဲျမဲလုပ္တယ္ ကိုယ္ေတြလဲ သူ႔လိုပဲ ဘယ္လိုအေျခေနမွာပဲျဖစ္ျဖစ္ လႉတဲ့သူေတြကဆက္လႉ၊ ကူတဲ့သူေတြကဆက္ကူ၊ တိုက္တဲ့သူေတြဆက္တိုက္၊ ၁၁ရက္ေက်ာ္ၿပီျဖစ္တဲ့ ဖမ္းစီးခံ ေက်ာင္းသားေတြအတြက္ speak out လုပ္ေပးတဲ့သူေတြကဆက္လုပ္၊ Motivational speaker ေတြက လူေတြစိတ္ဓာတ္မက်ေစဖို႔ ဆက္အားေပး၊ အခ်င္းခ်င္းေဖးမကူညီရင္း ကိုယ္ယူနိုင္တဲ့တာဝန္ကိုဆက္ယူေပးၿပီး စြဲစြဲျမဲျမဲလုပ္ေနဖို႔ပါပဲ ေသြးမေအးေၾကးေနာ္ ” ဆိုၿပီး တင္ေပးလာခဲ့တာပါ။ အခုလိုအေျခအေနမ်ိဳးမွာ ကိုယ္ယူနိုင္တဲ့ တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ရင္း နိုင္ငံအတြက္ ကူညီေပးဖို႔ ေျပာလာတဲ့ ယြန္းယြန္းရဲ့ စာသားေတြကို ကူးယူၿပီး ပရိသတ္ေတြထံ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

Source – Yoon Yoon’s FB account
Credit…..

ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင် ယွန်းယွန်း ကလည်း ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ယွန်းယွန်းက လူထုလှုပ်ရှားမှုကြီးမှာလည်း ပြည်သူတွေနဲ့အတူ သွားရောက်ဝန်းရံခဲ့သလို လိုအပ်နေတဲ့ နေရာတွေမှာလည်း ကူညီ ထောက်ပံ့ပေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကိုလည်း အများသိအောင် လူမှုကွန်ယက်ထက် မှာ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။

ခွန်အားဖြစ်စေမယ့် စာသားတွေနဲ့ သူမ ရဲ့ အမြင်ကိုလည်း Facebook Account ထက်မှာ တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်း အချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ မုံရွာမြို့က အေးချမ်းတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားပြီး ရိုးသားတဲ့ အချဉ်ပေါင်းသည်အန်တီကြီးကြောင့် အတွေးတစ်ခုရခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အန်တီကြီးက သူရောင်းချတဲ့ အချဉ်ပေါင်းတွေကို လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် နေ့တိုင်းဆိုသလို အလှူပြုတာကြောင့် မြင်တွေ့သူတိုင်းက ချစ်ကြပါတယ်နော်။

ဘယ်လိုအ​ခြေအနေတွေပဲ ရောက်ရောက် အလှူပြုဖို့ကို စိတ်အားထက်သန်နေတဲ့ အန်တီကြီးကြောင့် ယွန်းယွန်းက ” ဒီအန်တီကိုမြင်တိုင်း အတွေးတစ်ခုရတယ် သူလုပ်နိုင်တဲ့အရာကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စွဲစွဲမြဲမြဲလုပ်တယ် ကိုယ်တွေလဲ သူ့လိုပဲ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် လှူတဲ့သူတွေကဆက်လှူ၊ ကူတဲ့သူတွေကဆက်ကူ၊ တိုက်တဲ့သူတွေဆက်တိုက်၊ ၁၁ရက်ကျော်ပြီဖြစ်တဲ့ ဖမ်းစီးခံ ကျောင်းသားတွေအတွက် speak out လုပ်ပေးတဲ့သူတွေကဆက်လုပ်၊ Motivational speaker တွေက လူတွေစိတ်ဓာတ်မကျစေဖို့ ဆက်အားပေး၊ အချင်းချင်းဖေးမကူညီရင်း ကိုယ်ယူနိုင်တဲ့တာဝန်ကိုဆက်ယူပေးပြီး စွဲစွဲမြဲမြဲလုပ်နေဖို့ပါပဲ သွေးမအေးကြေးနော် ” ဆိုပြီး တင်ပေးလာခဲ့တာပါ။ အခုလိုအခြေအနေမျိုးမှာ ကိုယ်ယူနိုင်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရင်း နိုင်ငံအတွက် ကူညီပေးဖို့ ပြောလာတဲ့ ယွန်းယွန်းရဲ့ စာသားတွေကို ကူးယူပြီး ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source – Yoon Yoon’s FB account
Credit…..