ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ ေနေဒြးကေတာ့ ခုလတ္ တေလာမွာျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလထဲကေန ဒီေန႔ထိ ျပည္သူလူထုနဲ႔အတူရပ္တည္ကာ လမ္းေပၚထြက္လႈပ္ရွားမႈေတြကို အားတတ္သေရာျပဳလုပ္သလို လႈပ္ရွားမႈျပဳလုပ္ေနတဲ့ ျပည္သူေတြအတြက္လည္း အစားအေသာက္မ်ားနဲ႔ ကာကြယ္ေရး ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိပါတယ္။

ခုလိုအစစအရာရာဘက္ေပါင္းစုံကေနပါဝင္ကူညီအားျဖည့္ေပးေနတဲ့အႏုပညာရွင္ေတြရွိေနတာေၾကာင့္လည္း ဒီလႈပ္ရွားမႈႀကီးကခုခ်ိန္ထိ စည္းလုံးညီညြတ္ၿပီး အသက္ဝင္ေနခဲ့တာပါ။ျပည္သူေတြကလည္း ဘယ္လိုအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ အသက္ကိုပင္ေပးကာ ေရွ႕ဆက္လွမ္းေနၾကတာ လည္းျဖစ္ပါတယ္။

အခုဆိုရင္ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ အတားအဆီးေတြအျပည့္နဲ႔ ၿဖိဳခြင္းခံရမႈေတြ အပစ္အခတ္ေတြရွိေနတာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရး အဆင္မေျပမႈေတြၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။ အႏုပညာရွင္ေတြကလည္း အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကို တတ္နိုင္သေလာက္စုေပါင္းလႉဒါန္းမႈေတြျပဳလုပ္ေပးလ်က္ရွိတာလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။အခုလည္း ေနေဒြးက လွိုင္သာယာက စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြအတြက္ ဆန္အျပင္ အျခားအစားအေသာက္မ်ားကိုသြားေရာက္လႉဒါန္းရန္ ျပင္ဆင္လ်က္ရွိေၾကာင္းဗီဒီယိုေလးကိုေဖာ္ျပထားရာ ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမၽွေပးလိုက္ ပါတယ္။

Credit– Cele Zone
Photo – Nay Dway

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ နေဒွေးကတော့ ခုလတ် တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်သလို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းလျက်ရှိပါတယ်။

ခုလိုအစစအရာရာဘက်ပေါင်းစုံကနေပါဝင်ကူညီအားဖြည့်ပေးနေတဲ့အနုပညာရှင်တွေရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာ လည်းဖြစ်ပါတယ်။

အခုဆိုရင် တစ်ချို့မြို့နယ်တွေမှာ အတားအဆီးတွေအပြည့်နဲ့ ဖြိုခွင်းခံရမှုတွေ အပစ်အခတ်တွေရှိနေတာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေး အဆင်မပြေမှုတွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်စုပေါင်းလှူဒါန်းမှုတွေပြုလုပ်ပေးလျက်ရှိတာလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း နေဒွေးက လှိုင်သာယာက စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအတွက် ဆန်အပြင် အခြားအစားအသောက်များကိုသွားရောက်လှူဒါန်းရန် ပြင်ဆင်လျက်ရှိကြောင်းဗီဒီယိုလေးကိုဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက် ပါတယ်။

Credit– Cele Zone
Photo – Nay Dway

Leave a Comment

Your email address will not be published. Required fields are marked *