


Credit…..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာအောင်မြင်မှုတွေအပြည့်အဝသိမ်းပိုက်ထားတဲ့ အပြင် ပရဟိတအလုပ်တွေနဲ့လည်း အများပြည်သူ ချစ်ခင်လေးစားမှုတွေကို အများဆုံးရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်..။ ခိုင်နှင်းဝေကတော့ လတ်တလောအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ကာ လူထုလှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ခိုင်နှင်းဝေကတော့ အခက်အခဲဖြစ်နေကြတဲ့ တောင်သူဦးကြီးတွေ ဆီက စားသောက်ကုန်တွေဝယ်ယူကာ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေပြီး သူမရဲ့အလှူလေးနဲ့ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်..။ “နယ်ဘက်မှ အခက်အခဲ ဖြစ်နေတဲ့ တောင်သူဦးကြီးများကို အားပေး ကူညီတဲ့ အနေဖြင့် ကြက်သွန် အချိန် (၁)ထောင် နှင့် ပြောင်းဖူး အဖူး (၅) ထောင်တို့အား ဝယ်ယူ အားပေးပြီး လတ်တလော စားဝတ်နေရေး ခက်ခဲနေသော ပြည်သူများအား ဆန်၊ဆီ နှင့် စားသောက်ကုန်များ နိုင်သလောက် လှူဒါန်းသွားပါမယ်ရှင်…” ဆိုပြီး သူမရဲ့ အလှူအကြောင်းတွေကို ပြောပြထားတာဖြစ်ပါတယ်..။

လှူချင်လို့သာ ရှိတာထုတ် နိုင်သလောက် လှူရတာမို့ လိုအပ်ချက်များ ရှိနိုင်ပါတယ်..ကျမကို အကူအညီတောင်းတဲ့ နေရာ အစုံ လှုဒါန်းပေးချင်ပေမဲ့ အခက်အခဲကြားက လှူရတာမို့ မစုံခဲ့ရင် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်ရှင်…..🙏🙏🙏…” ဆိုပြီး ခိုင်နှင်းဝေက မေတ္တာရပ်ခံပြောပြထားပါသေးတယ်..။ အခုလို ခက်ခဲနေကြတဲ့ အချိန်မှာလည်း တတ်နိုင်သလောက် ပြည်သူတွေအတွက် အမြဲစဉ်းစားပေးတတ်တဲ့ သူမရဲ့စိတ်ထားစေတနာတွေကိုလည်း ပရိသတ်တွေက ချီးကျူးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Khine Hnin Wai’s Fb Acc
Credit…..