



crd
Unicode Version

ပရိသတ်ကြီးရေ နီနီခင်ဇော်ဆိုရင် သီချင်းဆိုသူအဖြစ်ရော ဆေးကုတဲ့ဒေါက်တာမလေးအဖြစ်ရော အားလုံးသိကြပြီးသားဖြစ်မှာပါ သီချင်းအေးအေးလေးတွေ ကအစပြုလို့ သီချင်းမြူးမြူးလေးတွေပါမကျန် အားလုံးကို ပိုင်နိုင်စွ ာသီဆိုနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါနော်။

တော်လှန်ရေးမှာလည်း ပြည်သူ့ဘက်ကရပ်တည်ပြီး ပါဝင်ပေးခဲ့တဲ့အပြင် CDM ဆရာဝန်တွေကြောင့်အခက်အခဲဖြစ်နေတဲ့လူနာတွေကို မေတ္တာနဲ့ ကုသပေးခဲ့တဲ့ နှလုံးသားလှတဲ့ ဆရာဝန်မလေးတစ်ယောက်လဲဖြစ်ပါတယ်။ အခုချိန်မှာ ကိုဗစ်တွေဟာ အရမ်းကို ပျံ့နှံ့နေပြီး နေ့စဉ်နဲ့အမျှ ပြည်သူတွေအသက်ဆုံးရှုံးနေကြရပါတယ် ဒါကြောင့် ဒေါက်တာမလေး နီနီ သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ပြည်သူတွေကို အခုလိုပဲ တောင်းဆိုတဲ့စကားလေး ဆိုလိုက်ပါ တယ်။

Stay Home @ Lockdown အိမ်မှာ အားလုံး ၂ပတ်လောက်နေပေးကြပါလားရှင်။ Positive လူနာရှင်တွေ ကျန်းမာရေးအတွက် အပြင်မှာ Oxygen ရှာနေရတဲ့သူတွေ ပရဟိတသမားတွေ ကလွှဲလို့ ကိုယ်တိုင် အသိစိတ်နဲ့ အိမ်တိုင်း Lockdown လုပ်ပေးနိုင်ရင် ပြန့်ပွားမှု အရမ်းလျော့ချပေးနိုင်မှာပါ။ အရမ်း Panic ဖြစ်ပီး Oxygen တွေကြိုစုတာ ဈေးတွေမှာတိုးဝှေ့ဝယ်နေတာ ရောဂါပိုပီးပြန့်ပွားစေပါတယ် တကယ်လိုနေတဲ့သူတွေအတွက် Oxygen ပြတ်လပ်စေပါတယ်…။ (လုံးဝ လုံးဝ အပြင်မထွက်ကြပါနဲ့တော့ရှင်)

ကျမတို့သူငယ်ချင်းတွေစုပီး Oxygen စက်ရုံတွေမှာဆက်သွယ်လှူဒါန်းဖို့ စီစဉ်နေပါတယ်….။ ပြည်သူတွေကို ပြည်သူက စောင့်ရှောက်ပေးပါ” ဆိုပြီး နီနီခင်ဇော်မှ ပြည်သူတွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ကိုဗစ်မှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြ ပါစေ။

crd