ပရိတ်သတ်ကြီးရေ….MRTV 4 ရဲ့ဇာတ်လမ်းတွဲမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ စိုပြေမြင့်၊ သွန်းသစ္စာဇော်နဲ့ဝိုင်းရွှေရည်တို့ဟာဆိုရင် ပရိတ်သတ်ချစ်ခင်အားပေးမှုနဲ့အောင်မြင်မှုတွေကိုအသီးသီးရရှိထားကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်နော်.။သူတို့သုံးယောက်ဟာဆိုရင် “ရတနာထဲကရတနာ ” ဇာတ်လမ်းတွဲမှာဆိုရင်လည်း တကယ်ကိုသရုပ်ကောင်းပြီး အပေးအယူမျှတစွာနဲ့ကျတဲ့ဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ကြလို့ ပရိတ်သတ်တွေ ရဲ့ပါးစပ်ဖျားမှာပါပြောစမတ်တွင်ခဲ့တဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်ခဲ့ပါသေးတယ်နော်။
စိုပြေမြင့်၊ သွန်းသစ္စာဇော်နဲ့ဝိုင်းရွှေရည်တို့ရဲ့မိဘတွေဟာ ယခုဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် လောကကြီးကနေ နှုတ်ဆက်ထွက်သွားခဲ့ကြတာပဲဖြစ်ပါတယ်နော်။စိုပြေမြင့် ရဲ့ ဖခင်၊သွန်းသစ္စာဇော် ရဲ့ မိခင်နှင့် ဝိုင်းရွှေရည် ရဲ့ မိခင်တို့ဟာ ကိုဗစ်ကြောင့်ချစ်တဲ့မိသားစုလေးတွေကို ထားခဲ့ပြီးထွက်ခွါသွားခဲ့ကြတာ ပဲဖြစ်ပါတယ်နော်။
ရက်စက်လွန်းတဲ့ ဒီရောဂါကပ်ဆိုးကြီးအမြန်ဆုံးပီးဆုံးပျောက်ကွယ်သွားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်.။ချစ်တဲ့ပရိတ်သတ်ကြီးကလည်း မိဘတွေဆုံးရှုံးသွားကြတဲ့ စိုပြေမြင့်၊ သွန်းသစ္စာဇော်နဲ့ဝိုင်းရွှေရည်တို့သုံးယောက်အတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါအုံးနော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကေျးဇူးတင်ရှိပါတယ်။
Credit ; Celebrity Platforms