အခုလိုကာလကြီးမှာ အမြတ်ထုတ်စီးပွားရှာနေကြတဲ့ လောဘသားတွေကို ထိထိမိမိပြောလိုက်တဲ့ အောင်မင်းခန့်

ပရိတ်သတ်ကြီးရေ….ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသးချောအောင်မင်းခန့်ဟာဆိုရင် ့MRTV-4 မှထုတ်လွှင့်ပြသတဲ့ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်။အောင်မင်းခန့်ကနိုင်းနိုင်းနဲ့ညီဝမ်းကွဲဆိုတော့ အနုပညာပိုးတွေအပြည့်ရှိနေတာပဲဖြစ်ပါတယ်။

အောင်မင်းခန့်ကအလှူအတန်းတွေမှာလဲပါဝင်ပြီးပြည်သူတွေနဲ့တစ်သားတည်းရှိနေသူလည်းဖြစ်ပါတယ်။အခုလက်ရှိမြန်မာနိုင်ငံမှာဖြဟ်ပေါ်နေတဲ့ ကိုဗစ်ရောဂါတွေနေရာအနှံ့ပြန့်ပွားနေတဲ့အတွက် ပြည်သူတော်တော်များများဒုက္ခတွေနဲ့ရင်ဆဆိုင်နေရတဲ့အချိန်ကိုယ်ချင်းစာစိတ်မရှိပဲအမြတ်ထုတ်အပူစာစားနေကြတဲ့သူတွေကို အခုလိုပဲသူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ထိထိမိမိပြောလာခဲ့တာပဲဖြစ်ပါတယ်။

အောင်မင်းခန့်က “အသက်လုနေရတဲ့အချိန်မှာ အမြတ်မလုပါနဲ့ အသက်တွေဘဝတွေ ကိုရင်းပြီး စီပွါးမရှာရပါနဲ့ ဘာပဲလုပ်လုပ်ကိုယ်ချင်းစာတရားနဲ့လုပ်ပါကိုယ်ချင်းစာတရားနဲ့စီးပွါးရှာပါ မတော်လောဘမဖြစ်ပါစေနဲ့ ဘယ်လောဘနဲ့ပါရှာရှာ သေရင်ထားခဲ့ရမှာ ဒီနေ့လား နက်ဖြန်လား မသေချာတဲ့ဘဝမှာ အပူစာတွေမစားပါနဲ့ 🙏🏻🙏🏻🙏🏻” ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။ခုလိုကာလကြီးမှာ အားလုံးပဲတစ်ဦးနဲ့တစ်ဦးကိုယ်ချင်းစာစိတ်လေးနဲ ့နေထိုင်သွားတာ အကောင်းဆုံးပါပဲနော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Aung Min Khant Facebook Acc
Credit ; Celebrity Platforms



