Credit ; MMLoad
ပရိတ်သတ်ကြီးရေ… အနုပညာလောကမှာ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာများစွာကိုလည်း ရိုက်ကူးထားတဲ့အပြင်အောင်မြင်မှုတွေကိုအခိုင်အမာရရှိထားတဲ့သူကတော့ မင်းသားချောကောင်းမြတ်စံပဲဖြစ်ပါတယ်နော်..။ ကောင်မြတ်စံဟာဆိုရင် ပြည်သူလူထုဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။
ကောင်းမြတ်စံကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးနဲ့အတူလှုပ်ရှားမှု တွေပါဝင်ပြုလုပ်နေပြီး ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။မင်းသားကောင်းမြတ်စံကတော့ လတ်တလောအခြေအနေတွေကြောင့် အခုလိုအချိန်မှာ ဘာလုပ်လုပ်အပြစ်ပြောနေတဲ့လူတွေနဲ့ ပတ် သက် ပြီး ပွင့်ပွင့်လင်းလင်းပြောလာပါတယ်နော်..။
“အခုချိန်မှာ လေကိုနှာခေါင်းနဲ့ရှူရင်တောင် လိပ်ပြာလုံပါစေဆိုပြီး $ပြစ်ပြောဖို့ ချောင်းနေတဲ့သူတွေက သက်သက်ကိုရှိတာ..”ဆိုပြီးကောင်း မြတ်စံက ရေးသားပြောပြထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုစိတဆ်ပူနေကြတဲ့ပရိတ်သတ်တွေကိုလည်း သူအဆင်ပြေဗနတဲံအကြောင်းကို အခုလိုပဲပြောပြလာပါသေးတယ်နော်.။ဒါကတော့ “ကိုယ် အဆင်ပြေပါကြောင်း သာကြောင်းမာကြောင်းပါ ချစ်သူ 🖤..” ဆိုပြီးသူကိုစိတ်ပူနေကြတဲ့ဆိုပြီး ပရိသတ်တွေစိတ်မပူကြစေဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက သူရဲ့ ဖေ့စ် ဘွတ်စာမျက်နှာကနေ ကောင်းမြတ်စံက ပြောပြထားတာ ဖြစ်ပါတယ်..။
သူ့ရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက် ဖို့ကို ပြန်လည် ပြောထားကြပြီး အန္တရာယ်ကင်း ဘေးရှင်းစေဖို့အတွက်လည်း ဆုတောင်းစကားတွေပြောထားကြတာ တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီါ်ကိုအထူးပဲကျေးဇူူးတင်ရှိပါတယ်နော်…။
Source: Kaung Myat San’s Fb Acc
Credit ; MMLoad