




CRD – Cele Zone
Unicode Version

ပရဟိတ လုပ်ငန်းတွေကို အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက် နေပြီး ပြည်သူတွေ လိုအပ်တာများ တတ်နိုင်သလောက် ကူညီပေးနေသူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး လူမမယ် ကလေးများကို နွေးထွေးတဲ့ မေတ္တာ များဖြင့် ထိန်းသိမ်းစောင့်ရှောက် ပေးနေတာလည်း ဖြစ်ပါ တယ်။

ဒါကြောင့်လည်း လူတိုင်းအပေါ် ကူညီချင် စိတ်ရှိတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ထားကိုတော့ ပရိသတ်များက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေ ကြသူများကိုလည်း စားနပ် ရိက္ခာများ လှူဒါန်းပေးနေ တာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ သူမကတော့ ဘာသာရေး ကိုင်းရှိုင်းလွန်းသူ တစ်ယောက်ဖြစ်ပြီး အဓိဌာန်များလည်း မကြာခဏ ဝင်ရောက်လေ့ရှိသူ ဖြစ်ပါ တယ်။

ယနေ့မှာလည်း သက်ကြီး ဘိုးဘွားများ အဆင် ပြေစေရန် အတွက် တစ်ဦးကို ဆေးဖိုး အလှူငွေ (၁) သောင်းကျပ် နှင့် အာဟာရ မုန့်ဗူးများကို သွားရောက်လှူဒါန်းခဲ့ ပြန်ပါတယ် ။ အဖိုး အဖွားတွေခမျာ အလှူ ငွေလေးတွေ ရလို့ ဝမ်းသား ပီတိ ဖြစ်ကာ ငိုနေကြ တာကြောင့် စိတ်မကောင်း ဖြစ်မိကြောင်းကို လည်း ” ဘိုးဘွား တစ်ဦးလျှင် ဆေးဘိုး အလှူငွေ (၁) သောင်းကျပ် နှင့် အဟာရ မုန့်ဗူးများ လှူဒါန်း ပေးခဲ့ပါ တယ်ရှင်..

အဘွားတွေ ငိုတာကြည့်ပြီး ကိုယ့်အလှည့် ကျရင်လဲ အိုဇာတာ ကောင်းပါစေလို့ ဆုတောင်း မိပါတယ်..အသက်ရှင် နေစဉ် ကာလမှာ တတ်နိုင် သလောက် အလှူဒါန တွေ ပြုပြီး ကုသိုလ်တွေ ရနိုင် သလောက် ရသလောက် ပြုလုပ် သွားဘို့လဲ စဉ်းစားမိပါတယ်..

ခုနှစ်ရက် သားသမီး အလှုရှင်များ အားလုံးကိုလဲ လှုနေစဉ် တစ်လျှောက်လုံး မေတ္တာ ပို့ ဆုတောင်း ပေးပါတယ်…သာဓု သာဓု သာဓု ခေါ်ဆိုနိုင် ကြပါစေရှင်.” ခုလိုရေးသားဖော်ပြခဲ့ပါတယ် ။ ပရိသတ်ကြီး အတွက် ခိုင်နှင်းဝေ ရဲ့ အလှူလေး ကို ဝေမျှပေးလိုက်ပါတယ် ။

CRD – Cele Zone