ပရိတ္သတ္ၾကီးေရ…..သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုကေတာ့ လူထုလႈပ္ရွားမႈေတြပါ ပါဝင္ေနရင္း အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရတာလည္း ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ေန႔စဥ္ရက္ဆက္မျပတ္မကြက္ သတင္းအခ်က္အလက္ေတြ နဲ႔ ဖမ္းဆီးထိမ္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြ ျပန္လႊတ္ေပးဖို႔Speak out လုပ္ေပးေနတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ လက္ရွိအေျခအေနမွာ ဝင္ေငြမရွိ ေပမယ့္လည္း စုေဆာင္းထားတဲ့ ေငြေၾကးတစ္ခ်ိဳ႕အား CRPH အတြက္ေဒၚလာ (၅၀၀) ကို လႉဒါန္းထားတာကိုလည္း ပရိသတ္ေတြ ထပ္တူဝမ္းေျမာက္ေစရန္ ေဝမၽွေပးထားေသးတာပါ။ မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း ပိုင္ၿဖိဳးသုရဲ့ Facebook အေကာင့္တြင္ ဆိုးရြားလွတဲ့ စစ္ေဘးဒုကၡဒဏ္ကိုခံလာရတဲ့ တိုင္းရင္းသားေမာင္ႏွမေတြအတြက္ ဆို႔နင့္ေၾကကြဲဝမ္းနည္းေနရေၾကာင္း ေရးသားထားတာပဲ ျဖစ္ပါတယ္။ သူတို႔ေတြအတြက္ တတ္နိုင္တဲ့ဘက္ကေန လိုအပ္တာမွန္သမၽွ ဝိုင္းဝန္းကူညီ ေစာင့္ေရွာက္ေပးသြားမယ့္အေၾကာင္းကိုလည္း…

” ဆိုးရြားလွတဲ့စစ္ေဘးဒုကၡဒဏ္ကို ႏွစ္ေပါင္း မ်ားစြာ ခံလာရတဲ့ ကခ်င္ ၊ ကရင္ အပါအဝင္ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံးအတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္ …. အခုအခ်ိန္မွာ အိုးအိမ္ေတြကိုစြန႔္ခြာၿပီး စစ္ေဘးတိမ္းေရွာင္ေနရတဲ့မိသားစုေတြ၊ လူမမယ္ကေလးေတြ၊ သက္ႀကီးရြယ္အိုေတြနဲ႔ စစ္ေဘးေရွာင္ရင္း အသက္စြန႔္သြားရတဲ့ျပည္သူေတြ၊ ၿပိဳကြဲသြားရတဲ့မိသားစုေတြအားလုံးအတြက္လည္း ဆို႔နင့္ေၾကကြဲဝမ္းနည္းရပါတယ္….. မိသားစုေတြ ဘဝေတြနဲ႔ရင္းၿပီး စစ္ေဘးဒုကၡခံစားေနရတဲ့ ကၽြန္မတို႔ရဲ့တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြအတြက္ ကၽြန္မတို႔ တတ္နိုင္တဲ့ဘက္ကေန ဝိုင္းဝန္းကူညီေစာင့္ေရွာက္သြားပါမယ္လို႔ ကတိျပဳပါတယ္ 🙏🙏🙏 ” ဆိုၿပီး ေရးသားထားတာကို ပရိသတ္ေတြလည္း သိရွိေစရန္အတြက္ တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Paing Phyoe Thu’s Facebook Account
Credit…..

ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ လူထုလှုပ်ရှားမှုတွေပါ ပါဝင်နေရင်း အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် နေ့စဉ်ရက်ဆက်မပြတ်မကွက် သတင်းအချက်အလက်တွေ နဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့Speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ ဝင်ငွေမရှိ ပေမယ့်လည်း စုဆောင်းထားတဲ့ ငွေကြေးတစ်ချို့အား CRPH အတွက်ဒေါ်လာ (၅၀၀) ကို လှူဒါန်းထားတာကိုလည်း ပရိသတ်တွေ ထပ်တူဝမ်းမြောက်စေရန် ဝေမျှပေးထားသေးတာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ပိုင်ဖြိုးသုရဲ့ Facebook အကောင့်တွင် ဆိုးရွားလှတဲ့ စစ်ဘေးဒုက္ခဒဏ်ကိုခံလာရတဲ့ တိုင်းရင်းသားမောင်နှမတွေအတွက် ဆို့နင့်ကြေကွဲဝမ်းနည်းနေရကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ သူတို့တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ လိုအပ်တာမှန်သမျှ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးသွားမယ့်အကြောင်းကိုလည်း…

” ဆိုးရွားလှတဲ့စစ်ဘေးဒုက္ခဒဏ်ကို နှစ်ပေါင်း များစွာ ခံလာရတဲ့ ကချင် ၊ ကရင် အပါအဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ် …. အခုအချိန်မှာ အိုးအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့မိသားစုတွေ၊ လူမမယ်ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ စစ်ဘေးရှောင်ရင်း အသက်စွန့်သွားရတဲ့ပြည်သူတွေ၊ ပြိုကွဲသွားရတဲ့မိသားစုတွေအားလုံးအတွက်လည်း ဆို့နင့်ကြေကွဲဝမ်းနည်းရပါတယ်….. မိသားစုတွေ ဘဝတွေနဲ့ရင်းပြီး စစ်ဘေးဒုက္ခခံစားနေရတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက် ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီစောင့်ရှောက်သွားပါမယ်လို့ ကတိပြုပါတယ် 🙏🙏🙏 ” ဆိုပြီး ရေးသားထားတာကို ပရိသတ်တွေလည်း သိရှိစေရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Phyoe Thu’s Facebook Account
Credit…..