


Source: Nay Chi Oo ‘s fb

ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ နေခြည်ဦးကတော့ သူမရဲ့လူမှုနေထိုင်မှုဘဝကို ကွယ်ဝှက်မှုမရှိပဲ ပရိသတ်တွေကို ချပြရဲတဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ တွေ့မြင်ရလေ့ရှိတဲ့ နေခြည်ဦးကတော့ သူမရဲ့ နေ့စဉ်နေထိုင်မှုအကြောင်းအရာတွေနဲ့ ပက်သတ်ပြီးလည်း အမြဲတမ်း မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည် နေခြည့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝက သွားလာလှုပ်ရှားမှုတွေကို အမြဲတမ်း စိတ်ဝင်တစားနဲ့ အားပေး ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ နေခြည်ဦးက သူမရဲ့အဖေနဲ့ အမေရဲ့ မင်္ဂလာသက်တမ်း နှစ် (၃၀) ပြည့်အထိမ်းအမှတ်အဖြစ် နေ့လည်စာစားပြီး မိသားစုအချိန်လေးကုန်ဆုံးဖြစ်ခဲ့ကြပါတယ်။ နေခြည်ဦးက အဖေနဲ့ အမေရဲ့ Anniversary နေ့မှာ “နှစ်သုံးဆယ်က တော်တော်ပေါင်းရတယ်သမီးတဲ့.. နေခြည့်အတွက်ကတော့ legendary စံပြအတွဲပါ။ အရမ်းချစ်တယ် ဖေကြီးနဲ့မေကြီး Happy 30th Anniversary ပါ ❤️❤️❤️” ဆိုပြီး မိသားစုပျော်စရာအခိုက်အတံ့တွေကို မျှဝေပေးလာ ခဲ့ပါတယ်။

နေခြည်ဦးကတော့ နှစ်ပေါင်း ၃၀) ပြည့်တိုင် အချစ်မလျော့ပဲကြင်နာကြတဲ့ ဖေဖေနဲ့မေမေကိုကြည့်ပြီး ပီတိမျက်ရည်တွေတောင်ကျခဲ့ရတာ ပရိသတ်ကြီးလည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ နေခြည်တို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo ‘s fb
Credit – Cele Connections