မၾကာခင္မွာ အသက္ (၂၉) ႏွစ္ျပည့္ေတာ့မယ့္ ေနျခည္ဦးဟာ သူမရဲ့အသက္အရြယ္နဲ႔ သူမရဲ့ေအာင္ျမင္မႈအရဆိုရင္ ထူးခၽြန္တဲ့ မိန္းကေလးတစ္ေယာက္အျဖစ္သတ္မွတ္နိုင္ပါတယ္။ ဘယ္အလုပ္ကိုပဲလုပ္လုပ္ Professional က်က်လုပ္ၿပီး သူမရဲ့ Team ကလည္း ေနျခည့္ေနာက္မွာ အျပည့္အဝအားျဖည့္ေပးဖို႔အသင့္ရွိေနခဲ့ပါတယ္။ ကိုယ္ပိုင္ႀကိဳးစားမႈေတြနဲ႔ ရပ္တည္လာခဲ့တာ အခ်ိန္အတိုင္းအတာတစ္ခုၾကာျမင့္ခဲ့ၿပီးေနာက္မွာေတာ့ ေအာင္ျမင္တဲ့ အေနအထား တစ္ခုမွာ ရပ္တည္ေနခဲ့ပါၿပီ။

ဝါသနာပါတဲ့အႏုပညာလမ္းေၾကာင္းေပၚမွာလည္း ပရိသတ္အားေပးမႈကိုရရွိထားၿပီး ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ သီခ်င္း MTV ေတြမွာလည္း ပိုင္နိုင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ အားလုံးကို အံ့အားသင့္ေစခဲ့သူေလးပါပဲ။ တျဖည္းျဖည္းအခ်ိန္ေတြၾကာလာတာနဲ႔ အမၽွ ခ်ီခ်ီက ပိုရင့္က်က္လာခဲ့ၿပီး သူမရဲ့လုပ္ရပ္ေတြဟာလည္း Chillies ေတြအတြက္ အတု ယူစရာျဖစ္ခဲ့ပါတယ္။

မၾကာခင္ေရာက္လာေတာ့မယ့္ေမြးေန႔အတြက္ ” ေနျခည္ ေနာက္သုံးရက္ဆို (၂၉) ႏွစ္ျပည့္ၿပီေနာ္ ကိုယ္ေတြအရင္ႏွစ္ေတြက အသက္ကိုေျပာရမွာ သိပ္ေၾကာက္ခဲ့ေပမယ့္ အခုအေျခတစ္ေနတစ္ခုမွာ ရင့္က်က္လာတဲ့ အေတြးအေခၚေတြ lifestyle နဲ႔ ကိုယ့္ဘဝရဲ့ ခံယူခ်က္ေတြေၾကာင့္ အသက္ေမးရင္ အရမ္းကို ေျပာျပခ်င္ေနတာ ” ဆိုၿပီး သူမရဲ့ရင္တြင္းစကားတစ္ခ်ိဳ႕ကို ေျပာျပလာခဲ့ပါတယ္။ ဒီထက္မကေအာင္ျမင္မႈေတြ ပိုင္ဆိုင္နိုင္ပါေစ ခ်ီေလးေရ။

Credit – Cele Zone
Photo – Nay Chi Oo

မကြာခင်မှာ အသက် (၂၉) နှစ်ပြည့်တော့မယ့် နေခြည်ဦးဟာ သူမရဲ့အသက်အရွယ်နဲ့ သူမရဲ့အောင်မြင်မှုအရဆိုရင် ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ်သတ်မှတ်နိုင်ပါတယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် Professional ကျကျလုပ်ပြီး သူမရဲ့ Team ကလည်း နေခြည့်နောက်မှာ အပြည့်အဝအားဖြည့်ပေးဖို့အသင့်ရှိနေခဲ့ပါတယ်။ ကိုယ်ပိုင်ကြိုးစားမှုတွေနဲ့ ရပ်တည်လာခဲ့တာ အချိန်အတိုင်းအတာတစ်ခုကြာမြင့်ခဲ့ပြီးနောက်မှာတော့ အောင်မြင်တဲ့ အနေအထား တစ်ခုမှာ ရပ်တည်နေခဲ့ပါပြီ။

ဝါသနာပါတဲ့အနုပညာလမ်းကြောင်းပေါ်မှာလည်း ပရိသတ်အားပေးမှုကိုရရှိထားပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ သီချင်း MTV တွေမှာလည်း ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ အားလုံးကို အံ့အားသင့်စေခဲ့သူလေးပါပဲ။ တဖြည်းဖြည်းအချိန်တွေကြာလာတာနဲ့ အမျှ ချီချီက ပိုရင့်ကျက်လာခဲ့ပြီး သူမရဲ့လုပ်ရပ်တွေဟာလည်း Chillies တွေအတွက် အတု ယူစရာဖြစ်ခဲ့ပါတယ်။

မကြာခင်ရောက်လာတော့မယ့်မွေးနေ့အတွက် ” နေခြည် နောက်သုံးရက်ဆို (၂၉) နှစ်ပြည့်ပြီနော် ကိုယ်တွေအရင်နှစ်တွေက အသက်ကိုပြောရမှာ သိပ်ကြောက်ခဲ့ပေမယ့် အခုအခြေတစ်နေတစ်ခုမှာ ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေ lifestyle နဲ့ ကိုယ့်ဘဝရဲ့ ခံယူချက်တွေကြောင့် အသက်မေးရင် အရမ်းကို ပြောပြချင်နေတာ ” ဆိုပြီး သူမရဲ့ရင်တွင်းစကားတစ်ချို့ကို ပြောပြလာခဲ့ပါတယ်။ ဒီထက်မကအောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ ချီလေးရေ။

Credit – Cele Zone
Photo – Nay Chi Oo