


Credit ; Swelsone News

ပရိသတ်ကြီးရေ.. ဒိန်းဒေါင်လို့ ဆိုလိုက်တာနဲ့ ရယ်စရာဟာသလေးတွေနဲ့ ပရ်သတ်တွေကို အမြဲရယ်မောစေသလို ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်ကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။ဟာသလူရွှင်တော်တစ်ယောက်အဖြစ် ဇာတ်သဘင်လောကအပြင် သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ဒိန်းဒေါင်ကတော့ အနုပညာလောကမှာလည်း ပရိသတ်အချစ်တွေနဲ့အတူ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူပါ..။

ဒီနေ့ညမှာ ဒိန်းဒေါင်ဟာ အချုပ်ကျခံနေရတဲ့ ခြိမ့်ကေကိုနဲ့ ပတ်သက်ပြီး ဝမ်းသာစကားလေးပြောပြလာတာပဲဖြစ်ပါတယ်။ခြိမ့်ကေကို ဟာ မြစ်သားမြို့နယ်မှာ ကိုဗစ်ဥပဒေ စည်ကမ်းချိုးဖောက်မှုနဲ့ အမှုဖွင့်ခံရပြီး နောက် တိမ်းရှောင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်
အဖမ်းခံခဲ့တာဖြစ်ပြီး အချုပ်ကျခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် ညပိုင်းမှာတော့ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်းက သူ့ရဲ့လူမှုကွန်ရက်မှတဆင့် “ဌက်ပျောသီး အပြင်ပြန်ရောက်ပါပြီတာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်ခင်ဗျာ” ဆိုတဲ့ စာသား ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် အချုပ်ကနေလွတ်လာပြီဖြစ်တဲ့ ခြိမ့်ကေကို အကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ယခုလိုဖတ်ရှုမေးကြတဲ့ ပရိတ်သတ်တွေအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit ; Swelsone News