ပရိတ်သတ်ကြီးရေ…နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောပိုင်တံခွန်ဟာဆိုရင် ပြည်တွင်းမှာတင်မကပဲပြည်ပနိုင်ငံတွေအထိပါထိုးဖောက်အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်ဟာ မိန်းကလေးပရိတ်သတ်တွေတင်အားပေးကြမ်းတာမဟုတ်ပဲ ယောကျာ်းလေးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။စိတ်ထားဖြူစင်လွန်ပြီးဖော်ရွေတတ်တဲ့ သူရဲ့အမူအကျင့်လေးတွေက ပရိတ်သတ်ကိုထူးခြားစွာဆွဲဆောင်နေတာလည်းဖြစ်ပါတယ်နော်။လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပိုင်တံခွန်က ရှေ့ဆုံးကနေ ပြည်သူလူထုနဲ့အတုူတက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာ တရားစွဲခံရပြီးနောက်မှာ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်..။

ဖမ်းဆီးခံရစဉ် ဘာအဆက်အသွယ်မှ မရရှိပဲ ယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့ အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့ ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရပြီး ဧပြီလ ၇ ရက်နေ့က နေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့ မော်ဒယ် ပိုင်တံခွန်ကို ဒီနေ့ ဧပြီ ၂၉ ရက်မှာ အင်းစိန်ထောင်တွင်း မြောက်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့ထံက သိရပါတယ်။ဧပြီ ၁၂ ရက်နေ့က ပထမဆုံးရုံးထုတ်ခဲ့ပြီး မြောက်ဒဂုံတရားရုံးမှာ တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့ အင်းစိန်ထောင်တွင်းမှာ ဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပိုင်တံခွန်ကို မြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်က တရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတယ်။”ကိုယ်ရောစိတ်ပါ ကျန်းမာပါတယ်။ ကျန်းမာရေးကလည်း တော်တော်လေးကောင်းမွန်ပါတယ်။ ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။ သူ့အမေကို ကျန်းမာရေးဂရုစိုက်ဖို့ လို့ မှာပါတယ်။ အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ ဘုရားတရားအလုပ်တွေ ပိုလုပ်ဖြစ်တယ်။ အချင်းချင်းတွေ ဖေးမကူညီစောင့်ရှောက်ကြတယ်။ အပြင်မှာထက် အတွင်းမှာ ပိုစည်းလုံးကြတယ်။ ရှေ့မှာ ပိုကောင်းအောင် ဘာလုပ်မလဲ ကျကျနနတွေးမိတယ်။ ဒါဟာ ဒီကာလမှာ သူရတဲ့အမြတ်တွေပဲလို့လည်း ပြောပါတယ်” လို့ သူ့ရှေ့နေအဖွဲ့ထဲက ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပိုင်တံခွန်ဘက်က လိုက်ပါဆောင်ရွက်ဖို့ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာ တင်ခဲ့ပြီး တရားရုံးကလည်း လက်ခံလိုက်တယ်လို့ သိရပါတယ်။အမှုသည်နဲ့ လည်း ရှေ့နေတွေ စကားပြောဆိုခွင့်ရခဲ့ပြီး အမှုသည်ထံက ညွှန်ကြားချက် ရယူခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ပိုင်တံခွန်အတွက် တရားလွှတ်တော် ရှေ့နေ ဒေါ်ဇင်မာဦးက လိုက်ပါဆောင်ရွက်မှာဖြစ်ပြီး မေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။အဲဒီရုံးချိန်းမှာတော့ မှုခင်းစစ်ဆေးမှုအစီအစဉ် CMP ပြုလုပ်ပြီး အမှုကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်း သရုပ်ဆောင်ရဲတိုက်၊ မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေအပါအဝင်ဝန်ထမ်းတွေနဲ့ ကျောင်းသားခေါင်းဆောင် လေးဦးတို့နဲ့အတူ တစ်ဆောင်တည်း နေထိုင်ရတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ ဖတ်ရှုပေးတဲ့ပရီတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source : စွယ်စုံသတင်းစုံ
Credit ; Famous Stars