



ပရိတ်သတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာ လူမင်းကတော့ မနေ့က ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ညသန်းခေါင်ကျော် လူခြေတိတ်ချိန်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီပဲ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ လူမင်းဟာ သူ့ရဲ့နေအိမ်မှာ မနေပဲ အခြားနေရာမှာ တိမ်းရှောင်နေပေမယ့် ရဲတွေနဲ့ စစ်သားတွေဟာ သူရှိနေတဲ့နေရာထိ တံခါးတွေအတင်းဖျက်ကာ လာရောက်ဖမ်းဆီးသွားကြတယ်လို့ လူမင်းရဲ့ ဇနီးဖြစ်သူ မခင်စံပယ်ဦးက ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

လူမင်းအတွက် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြသလို လူမင်းရဲ့ ညီမလေးတစ်ယောက်လိုဖြစ်နေတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း စိုးရိမ်တကြီးဖြစ်နေတာကို တွေ့ရပါတယ်။ လင်းဇာနည်ဇော်က “ရင်ထဲမှာပြောချင်နေတဲ့စကားတွေများပြီး ခေါင်းထဲကတောင်ပေါက်ထွက်တော့မယ်။ ညီမလေးထပ်တူထပ်တူပါ😭 အန်ကယ်လေးအန္တရာယ်ကင်းပါစေ🙏” ဆိုပြီး လူမင်းရဲ့ဇနီး ခင်စံပယ်ဦးကို ပြောလာတာပဲ ဖြစ်ပါတယ်။

လင်းဇာနည်ဇော်က အစ်ကိုကြီးလူမင်းအတွက် စိတ်ပူလွန်းလို့ ပြောစရာစကားတွေများပြီး ခေါင်းထဲကတောင် ပေါက်ထွက်တော့မယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Lin Zarni Zaw ‘s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *