Source: Nhying Shin
Credit
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားသလို စကားပြောပွင့်လင်းတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုအားပေးနေကြတာလည်း ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းကလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူ ပဲ ဖြစ်ပါ တယ်…။
နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ရပ်တည်ချက်နဲ့ပက်သက်ပြီးလည်း ပြတ်ပြတ်သားသားဆုံးဖြတ်လေ့ရှိတာကြောင့် သူမရော သူမရဲ့အမျိုးသားပါ ရုပ်ရှင်အစည်းအရုံးကနေနှုတ်ထွက်ထားကြတာဖြစ်ပါတယ်။သူမတို့လင်မယားနှစ်ယောက်စလုံးကတော့ အနုပညာအလုပ်တွေ ခဏရပ်နားထားရချိန်မှာ လုပ်ငန်းရှင်တွေကလာငှားကြတဲ့ Live Salesလေးကို လုပ်ကိုင်နေတာဖြစ်ပါတယ်။အလုပ်တိုင်းကို စေတနာပါပါနဲ့လုပ်ဆောင်ပေးတဲ့ နှိုင်းယှဉ်ကို လုပ်ငန်းရှင်တွေ ကလည်း ချစ်ကြလို့ အမြဲငှားကြပါ တယ်နော်။
နှိုင်းယှဉ်မြင့်မိုရ်က အဆင်ပြေအောင်ပြောဆိုတတ်ပြီး ဈေးအရမ်းရောင်းတတ်လို့ ပရိသတ်တွေက သူမကိုလေးစားချီးကျူးနေကြတာဖြစ်ပါတယ်.။နှိုင်းယှဉ်ကတော့ အခုလိုကာလမှာတောင် အလုပ်တွေအနားတမ်းလုပ်ဆောင်နေရပြီး စီးပွားရေးကိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ နှိုင်းယှဉ်က” စိတ်နာရင်လည်း ပိုက်ဆံရှာပါ..မခံချင်ရင်လည်း ပိုက်ဆံရှာပါ.. စုပါ ..ပိုက်ဆံဟာကိုယ့်ရဲ့မျက်နှာပွင့်ဆေး ” ဆိုပြီး ရေးသားထားတဲ့ပို့စ်အောက်မှာ မျက်နှာပွင့်ချင်တဲ့အကြောင်း စျေးလည်းပြန်ရောင်းချင်နေပြီဖြစ်တဲ့အကြောင်းတွေကို ပြန်လည် ရေးသားထားခဲ့ပါ တယ်။
ပြည်သူတွေနဲ့အတူ ရပ်တည်ရင်းလွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့အစ်ကိုဖြစ်သူအတွက်လည်း နှိုင်းယှဉ်က ပြန်လည်အားပေးစကားပြောထားရင်း ပရိသတ်တွေကလည်း အားပေးစကားတွေပြောပေးထားကြပါသေးတယ်။ ပရိသတ်ကြီးလည်း ညီနန္ဒကို အားပေးစကားလေးပြောပေး ကြပါအုံ းနော်….။
Source: Nhying Shin
Credit