ပရိသတ္ႀကီးေရ ဆယ္လီ အႏုပညာရွင္ေတြထဲက အမႊာညီအစ္ကို ႏွစ္ေယာက္ျဖစ္တဲ့ မင္းခန္႕ကိုနဲ႕ မင္းခန္႕ညီတို႕ကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ မိနစ္ပိုင္းကြာ အမႊာေလး ေတြမို႕ ညီအစ္ကိုႏွစ္ေယာက္လံုးက ႐ုပ္ပိုင္းမွာေရာ အႏုပညာကို ႏွစ္သက္ၿပီး သေဘာက် တာမွာ တူညီၾကတဲ့ အမႊာညီအစ္ကို ႏွစ္ေယာက္ပဲျဖစ္ပါတယ္.။

သ႐ုပ္ေဆာင္ေတြလည္း ျဖစ္ၾကတဲ့ အမႊာညီအစ္ကို မင္းခန္႕ကို နဲ႕ မင္းခန္႕ညီတို႕ကေတာ့ ရႈတင္ေတြ မရွိခ်ိန္ေလးမွာ အိမ္မွာပဲ ဟာသ ဗီဒီယိုအတိုေလးေတြ ႐ိုက္ကူးကာ တင္ေလ့ရွိၿပီး ပရိသတ္ေတြကို ဟာသ အေမာ ေျပေစသူေတြပါ.။ သူငယ္ခ်င္းျဖစ္သူ သဇင္ထူးျမင့္နဲ႕လည္း ဟာသ ဗီဒီယိုဖိ္ုင္ေလးေတြ ႐ိုက္ရင္း ခ်စ္တဲ့ ပရိသတ္ေတြအတြက္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ မွ်ေဝေလ့ရွိၾကပါေသးတယ္။

ညီအစ္ကို ႏွစ္ေယာက္မို႕ ေျပာမနာ ဆိုမနာ တစ္ေယာက္ကို တစ္ေယာက္ စေနာက္ကာ ေပ်ာ္ရႊင္ေနတတ္ၾကၿပီး ဒီဇင္ဘာလ (၂၈)ရက္ေန႕မွာ မင္းခန္႕ညီက အကိုျဖစ္သူကို ေဆးထိုးကာ စေနာက္ၿပီး ပိုစ့္တင္လိုက္မႈေၾကာင့္ အတည္အမွန္အကန္ လုပ္လိုက္ရတဲ့ မင္းခန္႕ကိုရဲ႕ အျဖစ္ကို “Min Khant Ko Challenge accepted 🤣🤣 ႐ိုက္ေပးရင္း ရီရတာ ေသေတာ့မယ္..😂😂” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။

ညီအစ္ကို ေမာင္ႏွမေတြရဲ႕ ထံုးစံအတိုင္း တစ္ေယာက္ကို တစ္ေယာက္ ေဆးထိုးစေနာက္သလိုပဲ မင္းခန္႕ကိုနဲ႕ မင္းခန္႕ညီတို႕ ညီအစ္ကိုႏွစ္ေယာက္ကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ မစရင္ မေနႏိုင္ၾကသူေတြပါပဲေနာ္.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ Cele Active World ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိ္ုင္ႏိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Min Khant Nyi’s Facebook
Credit (Cele Active World

ပရိသတ်ကြီးရေ ဆယ်လီ အနုပညာရှင်တွေထဲက အမွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မိနစ်ပိုင်းကွာ အမွှာလေး တွေမို့ ညီအစ်ကိုနှစ်ယောက်လုံးက ရုပ်ပိုင်းမှာရော အနုပညာကို နှစ်သက်ပြီး သဘောကျ တာမှာ တူညီကြတဲ့ အမွှာညီအစ်ကို နှစ်ယောက်ပဲဖြစ်ပါတယ်.။

သရုပ်ဆောင်တွေလည်း ဖြစ်ကြတဲ့ အမွှာညီအစ်ကို မင်းခန့်ကို နဲ့ မင်းခန့်ညီတို့ကတော့ ရှုတင်တွေ မရှိချိန်လေးမှာ အိမ်မှာပဲ ဟာသ ဗီဒီယိုအတိုလေးတွေ ရိုက်ကူးကာ တင်လေ့ရှိပြီး ပရိသတ်တွေကို ဟာသ အမော ပြေစေသူတွေပါ.။ သူငယ်ချင်းဖြစ်သူ သဇင်ထူးမြင့်နဲ့လည်း ဟာသ ဗီဒီယိုဖိ်ုင်လေးတွေ ရိုက်ရင်း ချစ်တဲ့ ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေလေ့ရှိကြပါသေးတယ်။

ညီအစ်ကို နှစ်ယောက်မို့ ပြောမနာ ဆိုမနာ တစ်ယောက်ကို တစ်ယောက် စနောက်ကာ ပျော်ရွှင်နေတတ်ကြပြီး ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ မင်းခန့်ညီက အကိုဖြစ်သူကို ဆေးထိုးကာ စနောက်ပြီး ပိုစ့်တင်လိုက်မှုကြောင့် အတည်အမှန်အကန် လုပ်လိုက်ရတဲ့ မင်းခန့်ကိုရဲ့ အဖြစ်ကို “Min Khant Ko Challenge accepted 🤣🤣 ရိုက်ပေးရင်း ရီရတာ သေတော့မယ်..😂😂” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ညီအစ်ကို မောင်နှမတွေရဲ့ ထုံးစံအတိုင်း တစ်ယောက်ကို တစ်ယောက် ဆေးထိုးစနောက်သလိုပဲ မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ ညီအစ်ကိုနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မစရင် မနေနိုင်ကြသူတွေပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Min Khant Nyi’s Facebook
Credit (Cele Active World