အဆိုတော် ရေမွန်ကွယ်လွန်တာ တစ်ပတ် ကျော်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ပရိသတ်တွေအားလုံးက ယနေ့ထိတိုင်အောက်မေ့သတိရနေကြဆဲ ဖြစ်ပါတယ်။ သူ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း တတ်နိုင်သလောက် လုပ်ပေးကြတာလည်း ဖြစ်ပါ တယ်။

မိသားစုဝင် သုံးဦးတည်းသာ ရှိတဲ့အတွက် အခုလို ရေမွန်ရုတ်တရတ် ခွဲခွာသွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိခင် နဲ့ ညီမလေးမှာ ပြောမပြတတ်အောင် ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ကြရတာ ဖြစ်ပါတယ်။ ရေမွန်ရဲ့ ညီမလေး လပြည့်ကဗျာကလည်း အစ်ကိုနဲ့ပတ်သက်တဲ့ အမှတ်တရ တွေကို သူမရဲ့ လူမှုကွန်ယက်တွင်ရေးသားလေ့ရှိပြီး အခုမှာတော့ သူမကွယ်လွန်ခင် နောက်ဆုံး ဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးကို ဝမ်းနည်းစွာဖြင့် ပြသလာတာ ဖြစ်ပါ တယ်။

ရေမွန်ဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးတွင် ရွံ့တွေပေ ကျံနေတာကို ကြည့်ခြင်းအားဖြင့် တောထဲမှာ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲစွာ နေထိုင်ခဲ့ရသလဲဆိုတာ အားလုံးသိရှိကြမှာပါ။ လပြည့်ကဗျာကလည်း ” သူနောက်ဆုံး ဝတ်ခဲ့တဲ့ အင်္ကျီလေး ဘယ်လောက်တောင် ပင်ပန်းခဲ့ လိုက်မလဲ ရွှံ့တွေတောင် ပေလို့ တစ်သက်လုံး သိမ်းထားမယ် ❤️” ဆိုပြီး စာလေး ရေးသားထားပါတယ်။

Idiots Band အဖွဲ့သားများ ကလည်း ရေမွန်မကွယ်လွန်ခင် သွင်းသွားခဲ့တဲ့ သီချင်းတွေ အားလုံး အချောသတ်ပြီးတာ နဲ့ တတိယအခွေ ထုတ်သွားဖို့ရှိတဲ့ အကြောင်း ပရိသတ်တွေကို သတင်းကောင်းပါး ထားပါတယ်။ ရေမွန် သီဆိုတဲ့သီချင်းတိုင်းဟာ လူ့ဘဝမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းကို ပေါ်လွင်စေပြီး စိတ်ဓာတ်ကျနေသူများ သူ့ရဲ့သီချင်းကို နားထောင်လိုက်ပါက အားအင်သစ် တွေကို ပြန်လည်ရရှိစေတဲ့ အထိ အဓိပ္ပာယ်ရှိလှပါတယ်။ပရိသတ်တွေအပေါ်အမြဲတလေးတစားဆက်ဆံတတ်တဲ့ အဆိုတော် ရေမွန် တစ်ယောက် ကောင်းကင်ဘုံ မှာ သူချစ်တဲ့ သီချင်းတွေ နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပ ါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေး လိုက်ရပါတယ်။

crd-original

ZAWGYI

အဆိုေတာ္ ေရမြန္ကြယ္လြန္တာ တစ္ပတ္ ေက်ာ္သြားခဲ့ၿပီ ျဖစ္ေပမယ့္လည္း ပရိသတ္ေတြအားလုံးက ယေန႔ထိတိုင္ေအာက္ေမ့သတိရေနၾကဆဲ ျဖစ္ပါတယ္။ သူ႔အတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြကိုလည္း တတ္နိုင္သေလာက္ လုပ္ေပးၾကတာလည္း ျဖစ္ပါ တယ္။

မိသားစုဝင္ သုံးဦးတည္းသာ ရွိတဲ့အတြက္ အခုလို ေရမြန္႐ုတ္တရတ္ ခြဲခြာသြားတာေၾကာင့္ က်န္ရစ္ခဲ့တဲ့ မိခင္ နဲ႔ ညီမေလးမွာ ေျပာမျပတတ္ေအာင္ ယူၾကဳံးမရ ဝမ္းနည္းေၾကကြဲခဲ့ၾကရတာ ျဖစ္ပါတယ္။ ေရမြန္ရဲ့ ညီမေလး လျပည့္ကဗ်ာကလည္း အစ္ကိုနဲ႔ပတ္သက္တဲ့ အမွတ္တရ ေတြကို သူမရဲ့ လူမႈကြန္ယက္တြင္ေရးသားေလ့ရွိၿပီး အခုမွာေတာ့ သူမကြယ္လြန္ခင္ ေနာက္ဆုံး ဝတ္ဆင္ခဲ့တဲ့ အကၤ်ီေလးကို ဝမ္းနည္းစြာျဖင့္ ျပသလာတာ ျဖစ္ပါ တယ္။

ေရမြန္ဝတ္ဆင္ခဲ့တဲ့ အကၤ်ီေလးတြင္ ရြံ့ေတြေပ က်ံေနတာကို ၾကည့္ျခင္းအားျဖင့္ ေတာထဲမွာ ဘယ္ေလာက္ေတာင္ ပင္ပန္းဆင္းရဲစြာ ေနထိုင္ခဲ့ရသလဲဆိုတာ အားလုံးသိရွိၾကမွာပါ။ လျပည့္ကဗ်ာကလည္း ” သူေနာက္ဆုံး ဝတ္ခဲ့တဲ့ အကၤ်ီေလး ဘယ္ေလာက္ေတာင္ ပင္ပန္းခဲ့ လိုက္မလဲ ရႊံ့ေတြေတာင္ ေပလို႔ တစ္သက္လုံးသိမ္းထားမယ္ ❤️” ဆိုၿပီး စာေလး ေရးသားထားပါ တယ္။

Idiots Band အဖြဲ႕သားမ်ား ကလည္း ေရမြန္မကြယ္လြန္ခင္ သြင္းသြားခဲ့တဲ့ သီခ်င္းေတြ အားလုံး အေခ်ာသတ္ၿပီးတာ နဲ႔ တတိယအေခြ ထုတ္သြားဖို႔ရွိတဲ့ အေၾကာင္း ပရိသတ္ေတြကို သတင္းေကာင္းပါး ထားပါတယ္။ ေရမြန္ သီဆိုတဲ့သီခ်င္းတိုင္းဟာ လူ႔ဘဝမွာ ျဖစ္ပ်က္ေနတဲ့ အရာတိုင္းကို ေပၚလြင္ေစၿပီး စိတ္ဓာတ္က်ေနသူမ်ား သူ႔ရဲ့သီခ်င္းကို နားေထာင္လိုက္ပါက အားအင္သစ္ ေတြကို ျပန္လည္ရရွိေစတဲ့ အထိ အဓိပၸာယ္ရွိလွပါတယ္။ပရိသတ္ေတြအေပၚအျမဲတေလးတစားဆက္ဆံတတ္တဲ့ အဆိုေတာ္ ေရမြန္ တစ္ေယာက္ ေကာင္းကင္ဘုံ မွာ သူခ်စ္တဲ့ သီခ်င္းေတြ နဲ႔ ၿငိမ္းခ်မ္းစြာ ေနထိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပး လိုက္ရပါ တယ္။

crd-original