အနုပညာဂီတလောကမှာ ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်ထူးအယ်လင်းက သီချင်းကောင်းများစွာကို သီဆိုလာခဲ့တာဆိုရင်ဆယ်စုနှစ်ကျော်တိုင်ကြာခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေနဲ့ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်းလာခဲ့တာပဲဖြစ်ပါတယ်။ထူးအယ်လင်းကတော့ အနုပညာအလုပ်မှာတင်အောင်မြင်ရုံမကပဲ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။သူကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနည်းပါနေပေမယ့်လည်း ပရဟိတအလုပ်တွေကို တက်တက်ကြွကြွအင်တိုက်အားတိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်.။

ထူးအယ်လင်းက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူလူထုနဲ့ရပ်တည်ကာ စာဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်တဲ့ဘက်နေ လိုအပ်သလို ဖေးမကူညီပေးနေတာကိုလည်းတွေ့ရပါတယ်။ဒီကနေ့မှာဆိုရင်လည်း အစ်အဖြစ်သူမဥမ္မာရှိန်ရဲ့ တစ်လပြည့်ကို ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးရင်း စိတ်မကောင်းစွာနဲ့ဆုတောင်းစကားဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်..။

ကွယ်လွန်သွားပြီဖြစ်တဲ့အစ်မဖြစ်သူကို သတိရတိုင်းကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးရင်း ဝဋ်ကြွေးတွေရှိခဲ့ရင်လည်း ကြေစေဖို့အတွက် ဆုတောင်းရင်း ဒါဏ်ရာတွေနဲ့အရေးယူထိန်သိမ်းခံထားရတဲ့ အစ်ကိုဖြစ်သူ ကိုဇော်မင်းရှိန်အကြောင်းကိုလည်း ထူးအယ်လင်းက စိတ်မကောင်းစွာနဲ့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်…။အဲ့ဒါကတော့”မမလေး ငါ့အမကို ငါ သတိရတိုင်း ကောင်းမှုပြု ဆုတောင်းမေတ္တာပို့ပြီး ကုသိုလ်အမျှပေးဝေတယ် 🙏ဝဋ်ရှိလို့ပါလာရင် ဒီဘဝ ဒီမျှနှင့်ကြေပါစေငါ့အမ🙏…ငါ့ အကိုအကြီး ဇော်မင်းရှိန် သည်လည်း ဗိုက်ကျည်ထိပြီး အဆုပ်မှာပါ ထိလို့ ခွဲစိတ်ကုသအောင်မြင်ခဲ့လို့ အသက်သေတဲ့ဘေးက လွတ်ခဲ့ပေမယ့် ဆေးရုံကဆင်းကတည်းက အချုပ်ထဲမှာနေရပြီး ခုတော့ အင်းစိန်ထောင်အချုပ်မှာ ထောင်ကျနေရတယ်။

ကျွန်တော့်မိခင်မိသားစု အတွက် ကူညီပေးတဲ့ သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်ဗျာ🙏အမှုကိစ္စတွေ မှန်မှန်ကန်ကန်ဖြင့်ပြီးပြတ်အောင် ရှေ့နေရှေ့ရပ်များနှင့် ဆောင်ရွက်နေပါတယ်။ဒီနေ့ ကျွန်တော့်အမ မမလေးဥမ္မာရှိန် ကွယ်လွန်တာ တစ်လပြည့်ပြီ။ငါ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို ကုသိုလ်အမျှပေးပါတယ် 🙏ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းသာယာပါစေ ငါ့အမ🙏..”ဆိုပြီး ဆုတောင်းစကားဆိုထားတာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း ကွယ်လွန်သွားတဲ့ မဥမ္မာရှိန်နဲ့အစ်ကိုဖြဟ်သူတို့အတွက် စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူုးပဲတင်ရှိပါတယ်။။။

Source : Htoo El Lynn’s Facebook Acc
Credit : Celebrity Platforms