အဆိုေတာ္ အီတိုးကို အၾကမ္းဖက္မႈမ်ားတြင္ ပါဝင္သည္ဟုဆိုကာ စက္တင္ဘာ ၈ ရက္ေန႔က ၎ေနထိုင္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္အတြင္းက ၈ မိုင္ရွိ ၿခံဝန္းတြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။အဆိုေတာ္ ေဇာ္ဝင္းထြဋ္၏ သားျဖစ္သူ အဆိုေတာ္အီတိုးကို ၈ မိုင္ၿခံတြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီးေနာက္ ၉ မိုင္ရွိ ၿခံဝန္းတစ္ ခု အတြင္းက အီတိုးႏွင့္ဆက္စပ္သူ လူငယ္မ်ားကိုလည္း ဖမ္းဆီးသြားေၾကာင္း နီးစပ္သူမ်ားက ဆိုသည္။ v


အဆိုေတာ္ အီတိုးရဲ့ မိသားစုဝင္တဦးက “အသက္အရြယ္တခုေရာက္လာၾကၿပီဆိုေတာ့ ေတာ္႐ုံဆို သိပ္မတုန္လႈပ္ဘဲ ခံနိုင္ရည္ရွိလာၿပီလို႔ ထင္ထားခဲ့ၾကတာ။ အခုႏွစ္ပိုင္းေတြမွာ စိတ္ညစ္စရာ ၊ စိတ္ရႈပ္စရာေတြ မ်ားလြန္းလို႔ ဒီထက္ေတာ့ ပိုမဆိုးနိုင္ေတာ့ဘူးလို႔လည္း ထင္ထားခဲ့ၾကတာ။ ဒီတကြက္ကေတာ့ အားလုံးအရွိုက္ကိုထိတယ္။ အစစအရာရာအဆင္ေျပၿပီး အႏၲရာယ္ကင္းပါေစ”လို႔ ေျပာထားပါတယ္။ နီးစပ္သူ တစ္ဦးကလည္း “ အဆိုေတာ္ အီတိုးတို႔အဖြဲ႕ကို အၾကမ္း ဖက္မႈမွာ ပါဝင္တာေၾကာင့္ဆိုၿပီးေတာ့ ဖမ္းဆီးသြားတာလို႔ ၾကားရတယ္။ ဒါေပမယ့္ လက္နက္ေတြနဲ႔အတူ ဖမ္းဆီးခံရတာမဟုတ္ဘူး၊ ၿခံဝန္းအတြင္းမွာရွိတဲ့ လူ ေတြ အားလုံးကို ေခၚသြားတာ။


၉ မိုင္ၿခံဝန္းကို မနက္ ၄ နာရီမွာ ေရာက္လာၿပီးေတာ့ ၿခံဝန္းထဲကလူေတြကို ေခၚသြားတာ အခုထိ ဖမ္းထားတာ အဆက္ အသြယ္ မရေသးဘူး”ဟု ေျပာသည္။အဆိုပါ ဖမ္းဆီးခံရသူမ်ားမွာ အနည္းဆုံး လူ ၅ ဦးခန႔္ ရွိေၾကာင္း သိရသည္။အီတိုးႏွင့္နီးစပ္သူအသိုင္းအဝိုင္း၏ ေျပာၾကားခ်က္မ်ားအရ အီတိုးကို ေရၾကည္အိုင္သို႔ ေခၚေဆာင္သြားေၾကာင္း သိရသည္။အဆိုေတာ္အီတိုးဖမ္းဆီးခံရမႈအေပၚ အႏုပညာအသိုင္းအဝိုင္းမွ ေဘးကင္းကင္းနဲ႔ အျမန္ဆုံးလြတ္ေျမာက္ဖို႔အတြက္ ဝိုင္းဝန္းဆုေတာင္းလ်က္ရွိပါတယ္။

Credit

အဆိုတော် အီတိုးကို အကြမ်းဖက်မှုများတွင် ပါဝင်သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့က ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက ၈ မိုင်ရှိ ခြံဝန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုးကို ၈ မိုင်ခြံတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ၉ မိုင်ရှိ ခြံဝန်းတစ် ခု အတွင်းက အီတိုးနှင့်ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း နီးစပ်သူများက ဆိုသည်။ v

အဆိုတော် အီတိုးရဲ့ မိသားစုဝင်တဦးက “အသက်အရွယ်တခုရောက်လာကြပြီဆိုတော့ တော်ရုံဆို သိပ်မတုန်လှုပ်ဘဲ ခံနိုင်ရည်ရှိလာပြီလို့ ထင်ထားခဲ့ကြတာ။ အခုနှစ်ပိုင်းတွေမှာ စိတ်ညစ်စရာ ၊ စိတ်ရှုပ်စရာတွေ များလွန်းလို့ ဒီထက်တော့ ပိုမဆိုးနိုင်တော့ဘူးလို့လည်း ထင်ထားခဲ့ကြတာ။ ဒီတကွက်ကတော့ အားလုံးအရှိုက်ကိုထိတယ်။ အစစအရာရာအဆင်ပြေပြီး အန္တရာယ်ကင်းပါစေ”လို့ ပြောထားပါတယ်။ နီးစပ်သူ တစ်ဦးကလည်း “ အဆိုတော် အီတိုးတို့အဖွဲ့ကို အကြမ်း ဖက်မှုမှာ ပါဝင်တာကြောင့်ဆိုပြီးတော့ ဖမ်းဆီးသွားတာလို့ ကြားရတယ်။ ဒါပေမယ့် လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတာမဟုတ်ဘူး၊ ခြံဝန်းအတွင်းမှာရှိတဲ့ လူ တွေ အားလုံးကို ခေါ်သွားတာ။

၉ မိုင်ခြံဝန်းကို မနက် ၄ နာရီမှာ ရောက်လာပြီးတော့ ခြံဝန်းထဲကလူတွေကို ခေါ်သွားတာ အခုထိ ဖမ်းထားတာ အဆက် အသွယ် မရသေးဘူး”ဟု ပြောသည်။အဆိုပါ ဖမ်းဆီးခံရသူများမှာ အနည်းဆုံး လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။အီတိုးနှင့်နီးစပ်သူအသိုင်းအဝိုင်း၏ ပြောကြားချက်များအရ အီတိုးကို ရေကြည်အိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။အဆိုတော်အီတိုးဖမ်းဆီးခံရမှုအပေါ် အနုပညာအသိုင်းအဝိုင်းမှ ဘေးကင်းကင်းနဲ့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းဆုတောင်းလျက်ရှိပါတယ်။

Credit

Leave a Comment

Your email address will not be published. Required fields are marked *