


Source :Melody Myo

ပရိသတ်ကြီးရေ မယ်လိုဒီကတော့ အသားအရေ ဝင်းလက်​ကြည်လင်ကာ ပြစ်မျိုးမှဲ့မတင် လှပလွန်းတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ အမြဲစကားပြောပွင့်လင်းကာ သူမစိတ်ခံစားချက်တွေကို ပရိသတ်တွေကို ပွင့်လင်းရိုးသားစွ ာပြောလေ့ရှိတဲ့မင်းသ မီးတစ်ဦးဖြစ်ပြီး ပရိသတ်တွေသည်းသည်းလှုပ်ချစ်ကြတဲ့ ချောမောတဲ့သားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

သူမကိုယ်သူမ “မျိုး”ကလေဆိုတဲ့စကားပြောဆိုဟန်လေးကြောင့် ပရိသတ်တွေအချစ်ပို နေရတဲ့သူလေးပါ။မကြာသေးမီက ခင်ပွန်းသည်နဲ့နှစ်ဦးသဘောတူလမ်းခွဲ ပြတ်စဲကြောင်းကိုကြေညာခဲ့တာဖြစ်ပြီး ခင်ပွန်းဟောင်းနဲ့သူငယ်ချ င်းလိုဆက်ဆံရေးနဲ့ရှေ့ဆက်နေသူပါ။

ဒီနေ့မှာတော့ “မာနကြီးရင် အောက်တန်းနောက်တန်းကျတယ်ကလဲ့စားချေချင်စိတ်ဟာလည်း ဘဝတက်လမ်းကိုအဟန့်အတားဖြစ်စေတယ်။အတွေးတွေ အတိတ်တွေထဲနစ်မြောနေခြင်းဟာလည်း ဘဝရဲ့သေဆုံးခြင်းလမ်းစပါဘဲ
သူတစ်ပါးအတင်းပြောခြင်းဟာလည်းမိမိရဲ့အဖိုးတန်အချိန်တွေကိုဖြုန်းသလိုဖြစ်ပြီး အကုသိုလ်စိတ်ဖြစ်စေပါတယ်။ အေးချမ်းပါစေ” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်လာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :Melody Myo
Credit -Myanmar Cele-Caf