ဒါရိုက္တာ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) ဦးစီးျပီး ေနတိုး၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ ထြန္းထြန္း၊ မိုးယုစံ၊ ေမကဗ်ာ၊ မိုးျပည့္ျပည့္ေမာင္တို့ ပါဝင္တဲ့ နွင္းဆီအဖြဲ့ၾကီးကေတာ့ နွစ္စဥ္နွစ္တိုင္းလိုလို အခက္အခဲျဖစ္ေနတဲ့ ျမန္မာျပည္အနွံ့ကေဒသေတြကို ကူညီဖို့ ရံပံုေငြေဖ်ာ္ေျဖပြဲေတြ က်င္းပေလ့ရိွတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း မင္းသား မင္းသမီးေခ်ာေတြနဲ့ ဖြဲ့စည္းထားတဲ့ နွင္းဆီအဖြဲ့ကို တစ္နွစ္မွ မပ်က္ကြက္ပဲ အားေပးၾကတာကို ေတြ့ရပါတယ္။ လက္ရိွ (၂၀၂၀) မွာေတာ့ ကိုဗစ္ အေျခအေနေတြေၾကာင့္ အရင္လို အျငိမ့္ပြဲေတြမကျဖစ္ေပမယ့္ နွင္းဆီအဖြဲ့သားေတြကေတာ့ အြန္လုိင္းေဖ်ာ္ေျဖပြဲေတြျပဳလုပ္ရင္း ပရိသတ္နဲ့ ထိေတြ့ေနၾကဆဲ ျဖစ္ပါတယ္။

နွစ္စဥ္ရံပံုေငြေဖ်ာ္ေျဖပြဲၾကီးေတြျပဳလုပ္ျပီး အခက္အခဲျဖစ္ေနတဲ့ ေဒသေတြကို လွဴဒါန္းေပးၾကတဲ့ နွင္းဆီအဖြဲ့သားေတြက ဒီကေန့မွာေတာ့ နုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဆီက နွစ္သစ္လက္ေဆာင္ေလးရရိွခဲ့ပါတယ္။ အဲ့ဒါကေတာ့ နုိင္ငံေတာ္အတိုင္ပင္ခံရံုးမွ ေဒၚေအာင္ဆန္းဆုၾကည္ရဲ့ နွစ္သစ္ ဆုေတာင္းစကား၊ လက္မွတ္ေလးနဲ့တကြ ကိတ္မုန့္ေလးတစ္လံုးလက္ေဆာင္ရရိွခဲ့ေၾကာင္း နွင္းဆီအဖြဲ့သားတစ္ေယာက္ျဖစ္တဲ့ မင္းေမာ္ကြန္းက သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပး လာတာပဲ ျဖစ္ပါတယ္။

နွင္းဆီအဖြဲ့သားေတြက ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေမြးေန့ေတြမွာ အမွတ္တရ လက္ေဆာင္နဲ့ အခါၾကီးရက္ၾကီးေန့ေတြမွာ ဂါရဝျပဳလက္ေဆာင္ေတြ ပို့ေပးေလ့ရိွသလို ဒီတစ္ေခါက္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဆီက လက္ေဆာင္ေလး ျပန္လည္ရရိွခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္ေလာက္ဆို နွင္းဆီအဖြဲ့သားအားလံုး ဝမ္းသာဂုဏ္ယူေနၾကမွာ အေသအခ်ာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Kyaw Htay Lwin’s fb
Credit– Cele Connections

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ မိုးယုစံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်တို့ ပါဝင်တဲ့ နှင်းဆီအဖွဲ့ကြီးကတော့ နှစ်စဉ်နှစ်တိုင်းလိုလို အခက်အခဲဖြစ်နေတဲ့ မြန်မာပြည်အနှံ့ကဒေသတွေကို ကူညီဖို့ ရံပုံငွေဖျော်ဖြေပွဲတွေ ကျင်းပလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းသား မင်းသမီးချောတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့ကို တစ်နှစ်မှ မပျက်ကွက်ပဲ အားပေးကြတာကို တွေ့ရပါတယ်။ လက်ရှိ (၂၀၂၀) မှာတော့ ကိုဗစ် အခြေအနေတွေကြောင့် အရင်လို အငြိမ့်ပွဲတွေမကဖြစ်ပေမယ့် နှင်းဆီအဖွဲ့သားတွေကတော့ အွန်လိုင်းဖျော်ဖြေပွဲတွေပြုလုပ်ရင်း ပရိသတ်နဲ့ ထိတွေ့နေကြဆဲ ဖြစ်ပါတယ်။

နှစ်စဉ်ရံပုံငွေဖျော်ဖြေပွဲကြီးတွေပြုလုပ်ပြီး အခက်အခဲဖြစ်နေတဲ့ ဒေသတွေကို လှူဒါန်းပေးကြတဲ့ နှင်းဆီအဖွဲ့သားတွေက ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီက နှစ်သစ်လက်ဆောင်လေးရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ နှစ်သစ် ဆုတောင်းစကား၊ လက်မှတ်လေးနဲ့တကွ ကိတ်မုန့်လေးတစ်လုံးလက်ဆောင်ရရှိခဲ့ကြောင်း နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေး လာတာပဲ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တွေမှာ အမှတ်တရ လက်ဆောင်နဲ့ အခါကြီးရက်ကြီးနေ့တွေမှာ ဂါရဝပြုလက်ဆောင်တွေ ပို့ပေးလေ့ရှိသလို ဒီတစ်ခေါက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဆီက လက်ဆောင်လေး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်လောက်ဆို နှင်းဆီအဖွဲ့သားအားလုံး ဝမ်းသာဂုဏ်ယူနေကြမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Htay Lwin’s fb
Credit– Cele Connections