ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္းကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ပရိသတ္ႀကီးလည္း ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ နန္းစႏၵာလွထြန္းကေတာ့ ဇာတ္လမ္းတြဲမ်ားနဲ႕ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားအားေပးမႈေတြကို ရရွိခဲ့သူ မင္းသမီးေခ်ာေလး တစ္လက္ပဲျဖစ္ပါတယ္ေနာ္.။

ႏုႏုရြရြေလးနဲ႕ လွပတဲ့ မင္းသမီး တစ္လက္ျဖစ္သူ နန္းစႏၵာလွထြန္းကေတာ့ လက္ရွိ ၾကံဳေတြ႕ေနရတဲ့ အေရးေတာ္ပံုမွာ သူမကိုယ္တိုင္လည္း ျပည္သူထဲက ျပည္သူတစ္ေယာက္အျဖစ္နဲ႕ ပါဝင္လႈပ္ရွားေနခဲ့ၿပီး တစ္ရက္မျပတ္ဘဲ ေနပူထဲမွာ ဆႏၵျပေနခဲ့သူပါ.။

ပုဒ္မ (၅၀၅) (က) နဲ႕ ဖမ္းဝရမ္း ထုတ္ခံရေပမယ့္လည္း ေနပူထဲမွာ CDMမွာ ပါဝင္ပူးေပါင္းၾကဖို႕ လႈံေဆာ္မႈမွာ အားတက္သေရာ ပါဝင္ေနခဲ့တဲ့ ဒီကေနကရဲ႕ သူမပံုရိပ္ေလးေတြကို နန္းစႏၵာလွထြန္းက “မနက္ျဖန္တိုင္းမွာရွိမယ္ … ဒါျပည္သူ႔အသံ” ဆိုၿပီးသူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။

အားမာန္အျပည့္နဲ႕ ပါဝင္လႈပ္ရွားေနသူ နန္းစႏၵာလွထြန္းရဲ႕ ပံုရိပ္ေတြကို ပရိသတ္ေတြအတြက္လည္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္.။ ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္.။

Source: Nan Sandar Hla Htun’s Facebook
Violet

ပရိသတ်ကြီးရေ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ နန်းစန္ဒာလှထွန်းကတော့ ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိခဲ့သူ မင်းသမီးချောလေး တစ်လက်ပဲဖြစ်ပါတယ်နော်.။

နုနုရွရွလေးနဲ့ လှပတဲ့ မင်းသမီး တစ်လက်ဖြစ်သူ နန်းစန္ဒာလှထွန်းကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ အရေးတော်ပုံမှာ သူမကိုယ်တိုင်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်အဖြစ်နဲ့ ပါဝင်လှုပ်ရှားနေခဲ့ပြီး တစ်ရက်မပြတ်ဘဲ နေပူထဲမှာ ဆန္ဒပြနေခဲ့သူပါ.။

ပုဒ်မ (၅၀၅) (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံရပေမယ့်လည်း နေပူထဲမှာ CDMမှာ ပါဝင်ပူးပေါင်းကြဖို့ လှုံဆော်မှုမှာ အားတက်သရော ပါဝင်နေခဲ့တဲ့ ဒီကနေကရဲ့ သူမပုံရိပ်လေးတွေကို နန်းစန္ဒာလှထွန်းက “မနက်ဖြန်တိုင်းမှာရှိမယ် … ဒါပြည်သူ့အသံ” ဆိုပြီးသူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

အားမာန်အပြည့်နဲ့ ပါဝင်လှုပ်ရှားနေသူ နန်းစန္ဒာလှထွန်းရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Nan Sandar Hla Htun’s Facebook
Violet