နိုင္ငံေက်ာ္ အနုပညာရွင္ေတြျဖစ္ၾကတဲ့ လူမင္း၊ မင္းေမာ္ကြန္း၊ ဇင္ဝိုင္း၊ ကိုေပါက္၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္ စတဲ့ အနုပညာရွင္ေတြကေတာ့ ထိန္းသိမ္းခံထားရတဲ့ သမၼတၾကီး ဦးဝင္းျမင့္နဲ့ နိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္တို့ကို အျမန္ဆံုးျပန္လႊတ္ေပးဖို့နဲ့ ဒီမိုကေရစီရရိွဖို့ ျပည္သူလူထုနဲ့ ပါဝင္ေတာင္းဆိုေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ အနုပညာရွင္ေတြနဲ့ ကရင္လက္နက္ကိုင္အဖြဲ့အစည္းျဖစ္တဲ့ KNU တို့က ပူးေပါင္းသြားျပီဆိုျပီး ေကာလဟာလေတြ ထြက္ရိွေနတာျဖစ္ျပီး ထိုအေၾကာင္းအရာနဲ့ ပက္သတ္ျပီး မင္းေမာ္ကြန္းက အခုလိုပဲ ေျပာလာပါတယ္။

“ဒါလုံးဝမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မေန႔က၁၂နာရီ ႐ုပ္ရွင္အစည္းအ႐ုံးေရွ႕မွာ ဗိုလ္ခ်ဳပ္ကိုအေလးျပဳေနတဲ့အခ်ိန္ သူတို႔အတင္းလာဝင္ေရာတာပါ။ အစစ္အတုလည္းမသိပါဘူး။ စစ္ေၾကာင္းထြက္ရင္ လိုက္မယ္ဆိုလို႔ေတာင္ ထပ္မထြက္ပဲလူစုခြဲျပန္လာတာပါ။ သူတို႔ေျပာတာေတာ့ ဖမ္းဆီးခံရသူေတြကို လိုက္ထုတ္ေပးေနတဲ့အဖြဲ႕လို႔ေျပာပါတယ္။ ပူးေပါင္းတယ္ဆိုတာ လုံးဝမဟုတ္ပါ။ မေန႔ကမွေတြ႕ဖူးတာပါ။ လုံးဝမဟုတ္ပါဘူးေနာ္။ ဒါသက္သက္ သပ္လွ်ိေသြးခြဲတာပါ။ ရွယ္ေပးၾကပါ။ (ဒါခုမွသိရလို႔ထပ္ျဖည့္ေရးလိုက္တာပါသူတို႔က အတုဆိုတာေသခ်ာပါတယ္ တဲ့ခင္မ်ာ KNU လည္းမဟုတ္ပါဘူးတဲ့ခင္မ်ာ သတိထားပါ။ မ်ိဳးစုံယုတ္မာေနၾကပါတယ္)”ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ရွင္းလင္းလာပါတယ္။

မင္းေမာ္ကြန္းနဲ့တကြ အနုပညာရွင္ေတြကေတာ့ အခုလို ဒီမိုကေရစီရရိွေရးအတြက္ ျငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနစဥ္မွာ အမ်ိဳးမ်ိဳးေသာ ေသြးထိုးလႈံ့ေဆာ္မႈေတြနဲ့ ၾကံဳဆံုေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း သတင္းတိုင္းကို ခ်င့္ခ်ိန္ျပီးမွ ယံုၾကည္ၾကဖို့ ေျပာပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Kyaw Kyaw Htay Lwin’s fb
Credit – Cele Connections

နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ လူမင်း၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ ကိုပေါက်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် စတဲ့ အနုပညာရှင်တွေကတော့ ထိန်းသိမ်းခံထားရတဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရရှိဖို့ ပြည်သူလူထုနဲ့ ပါဝင်တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အနုပညာရှင်တွေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ KNU တို့က ပူးပေါင်းသွားပြီဆိုပြီး ကောလဟာလတွေ ထွက်ရှိနေတာဖြစ်ပြီး ထိုအကြောင်းအရာနဲ့ ပက်သတ်ပြီး မင်းမော်ကွန်းက အခုလိုပဲ ပြောလာပါတယ်။

“ဒါလုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့မနေ့က၁၂နာရီ ရုပ်ရှင်အစည်းအရုံးရှေ့မှာ ဗိုလ်ချုပ်ကိုအလေးပြုနေတဲ့အချိန် သူတို့အတင်းလာဝင်ရောတာပါ။ အစစ်အတုလည်းမသိပါဘူး။ စစ်ကြောင်းထွက်ရင် လိုက်မယ်ဆိုလို့တောင် ထပ်မထွက်ပဲလူစုခွဲပြန်လာတာပါ။ သူတို့ပြောတာတော့ ဖမ်းဆီးခံရသူတွေကို လိုက်ထုတ်ပေးနေတဲ့အဖွဲ့လို့ပြောပါတယ်။ ပူးပေါင်းတယ်ဆိုတာ လုံးဝမဟုတ်ပါ။ မနေ့ကမှတွေ့ဖူးတာပါ။ လုံးဝမဟုတ်ပါဘူးနော်။ ဒါသက်သက် သပ်လျှိသွေးခွဲတာပါ။ ရှယ်ပေးကြပါ။ (ဒါခုမှသိရလို့ထပ်ဖြည့်ရေးလိုက်တာပါသူတို့က အတုဆိုတာသေချာပါတယ် တဲ့ခင်မျာ KNU လည်းမဟုတ်ပါဘူးတဲ့ခင်မျာ သတိထားပါ။ မျိုးစုံယုတ်မာနေကြပါတယ်)”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းလင်းလာပါတယ်။

မင်းမော်ကွန်းနဲ့တကွ အနုပညာရှင်တွေကတော့ အခုလို ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ်မှာ အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ကြုံဆုံနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သတင်းတိုင်းကို ချင့်ချိန်ပြီးမှ ယုံကြည်ကြဖို့ ပြောပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Kyaw Kyaw Htay Lwin’s fb
Credit – Cele Connections