Source: Baby Maung’s fb
အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ လူသိများထင်ရှားလာတဲ့ အဆိုတော်လေး သားဂန်းနဲ့ သွက်လက်ချက်ချာပြီး စိတ်ထားေ ကာင်းပွင့်လင်းတဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တိုင်းအားကျစရာပါပဲ။ သားဂန်းနဲ့ ဘေဘီမောင်က အသက်အရွယ်ကွာခြားမှုရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေတ ည်ဆောက်လာခဲ့တာမို့ မကြာခင်မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ မောင်နဲ့မ အချစ်ဇာတ်လမ်းလေးကို အားပေးကြတာပဲ ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံမက်စွာနဲ့ ဘဝခရီးလမ်းကို အတူတူလျှောက်လှမ်းနေကြတဲ့ သားဂန်းနဲ့ ဘေဘီမောင်က စိတ်တူကိုယ်တူရှိကြသူတွေပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အို အဖိုး၊ အဖွားတွေတွေ့ရင် ဒါနပြုချင်စိတ်တစ်ခုကို အတူတူပိုင်ဆိုင်ထားကြတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့က ဒီကနေ့မှာလည်း မီးပွိုင့်မှာ ပင်ပင်ပန်းပန်းစျေးရောင်းနေတဲ့ အဖိုးအိုကို ဒါနပြုကုသိုလ်ယူခဲ့ကြောင်း အခုလိုမျိုးပဲ ပြောလာပါတယ်။
သားဂန်းနဲ့ ဘေဘီမောင်ကတော့ ကြင်နာတတ်တဲ့ နှလုံးသားချင်းကိုလည်း ထပ်တူကျစွာ ပိုင်ဆိုင်ထားတဲ့ လေးစားစရာ စိတ်ထားပိုင်ရှင်လေးတွေပါပဲ။ ပရိသတ်ကြီးလည်း သားဂန်းနဲ့ ဘေဘီမောင်တို့နှစ်ယောက်ကိုကြည့်ပြီး ချစ်ပြီးရင်းချစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Baby Maung’s fb
Credit – Cele Connections