တစ်ကမ္ဘာလုံးပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြတဲ့ ခရစ္စမတ်နေ့မှာ စမိုင်းတို့မိသားစုကလည်း သူမတို့ရဲ့ အိမ်ကျယ်ကြီးမှာ ခရစ္စမတ်သစ်ပင်ကြီးဆင်ထားပြီး အမှတ်တရပုံလေးတွေရိုက်ကူးခဲ့ပါတယ်။ ခရစ္စမတ်ရဲ့အထိမ်းအမှတ်အရောင်လေးတွေ စီချယ်ထားတဲ့ အင်္ကျီလေးတွေဆင်မြန်းပြီး ပျော်ပျော်ပါးပါးဓာတ်ဖမ်းခဲ့ကြတာပဲဖြစ်ပါတယ်။

အဖွားဖြစ်သူကိုလည်း ကလေးတစ်ယောက်လိုဂရုစိုက်ပြီးပျော်ရွှင်အောင်ထားပေးခဲ့ပါတယ်။ မိသားစုတွေကိုလည်း ဂရုတစိုက် ချစ်ခင်သလို ကိုယ်ကိုအကျိုးပြုတဲ့ ဝန်ထမ်းလေးတွေကိုလည်း အမှတ်တရအနေနဲ့ ဖုန်းလေးတွေ ပိုက်ဆံလေးတွေ အမြဲတမ်း လက်ဆောင်ပေးတတ်ပါသေး တယ်။ စေတနာကောင်းတာကြောင့် အများကြီးကံကောင်းသူလေးပါပဲ။

အရည်အချင်းရှိတဲ့ခင်ပွန်းဖြစ်သူကြောင့် မိသားစုဘဝတွေတိုးတက်လာခဲ့ပြီးနောက် မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ အဆင်ပြေပြေ တက်ညီလက်ညီကြိုးစားခဲ့တဲ့အမှတ်တရတွေဟာ ဘယ်တော့မှမမေ့နိုင်မယ့် အရမ်းလှတဲ့အတိတ်တွေဖြစ်လာခဲ့ပါတယ်။ ခရစ္စမတ်နေ့မှာ မိသားစုရဲ့အမှတ်တရပုံလေးတွေဟာ မြင်လိုက်တာနဲ့ နွေးထွေးပြီးပျော်စရာကောင်းတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

Credit – Cele Zone
Photo – Smile




Credit – Cele Zone
Photo – Smile