႐ုတ္တရက္ ႏႈတ္ဆက္သြားခဲ့တဲ့ အဆိုေတာ္ ေရမြန္ ကိုေတာ့ ခ်စ္တဲ့သူေတြက အျမဲသတိရေစဖို႔ အတြက္ အမွတ္တရေလးေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ ဒီလိုလုပ္ေပးခဲ့တဲ့ အမွတ္တရေတြမွာ သူ႔ရဲ့ အရိုးျပာအခ်ိဳ႕နဲ႔ေနာက္ဆုံးေခါင္းခ် ခဲ့တဲ့ လြတ္ေျမာက္နယ္ေျမမွာ သစ္ပင္ေလးေတြလည္း အမွတ္တရစိုက္ပ်ိဳးထား ခဲ့သလို ခ်စ္တဲ့ပရိသတ္တခ်ိဳ႕က ပုံတူ႐ုပ္ပုံေလးေတြနဲ႔ သီခ်င္းေတြကို ေသရာပါေအာင္ ခႏၶာကိုယ္ေပၚမွာ ေရးထိုးၾကတာကိုလည္း ေတြ႕ျမင္ရ ပ ါတယ္။

ယခုတစ္ခါ မွာလည္း ေတာင္ႀကီးၿမိဳ႕က ဆိုင္တစ္ဆိုင္မွာ အမွတ္တရ အေနျဖင့္ ေရမြန္ရဲ့ပုံရိပ္ေတြနဲ႔ အခန္းေလးကို ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ ဒီအခန္းေလး ကေတာ့ ေရမြန္ကို လြမ္းဆြတ္ျခင္းအားျဖင့္ ဆိုင္ကိုလာေရာက္တဲ့ လူငယ္ေလးေတြ နဲ႔ ခ်စ္တဲ့ Fanေတြအတြက္ ရည္ရြယ္ၿပီး အျမဲ သတိတရ အမွတ္ရစရာေနရာေလးတစ္ခုအျဖစ္ထားထားျခင္း ျဖစ္တယ္လို႔သိရပါ တယ္။

ဒါ့အျပင္ Idiots Raymond Room လုပ္ထားတဲ့ ဒီအခန္းဟာ Customer table မထားဘူး လို႔လည္း သိရပါတယ္။ ေရမြန္ကို ခ်စ္တဲ့လူငယ္ေတြ ကေတာ့ ဒီဆိုင္ေလး မွာ လာထိုင္ၿပီး အမွတ္တရ ဓာတ္ပုံေလးေတြ ရိုက္ကူးၾက တယ္လို႔ သိရပါတယ္။ ကဲ..ပရိသတ္ေတြလည္း ေတာင္ႀကီးၿမိဳ႕ကို သြားေရာက္ ခဲ့ျဖစ္ရင္ Raymond Room ေလးကို သတိတရသြားလို႔ရေအာင္ ျပန္လည္ေဖာ္ျပေပးလိုက္ ပါတယ္။

crd

ရုတ်တရက် နှုတ်ဆက်သွားခဲ့တဲ့ အဆိုတော် ရေမွန် ကိုတော့ ချစ်တဲ့သူတွေက အမြဲသတိရစေဖို့ အတွက် အမှတ်တရလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီလိုလုပ်ပေးခဲ့တဲ့ အမှတ်တရတွေမှာ သူ့ရဲ့ အရိုးပြာအချို့နဲ့နောက်ဆုံးခေါင်းချ ခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ သစ်ပင်လေးတွေလည်း အမှတ်တရစိုက်ပျိုးထား ခဲ့သလို ချစ်တဲ့ပရိသတ်တချို့က ပုံတူရုပ်ပုံလေးတွေနဲ့ သီချင်းတွေကို သေရာပါအောင် ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးကြတာကိုလည်း တွေ့မြင်ရပါတယ်။

ယခုတစ်ခါ မှာလည်း တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာ အမှတ်တရ အနေဖြင့် ရေမွန်ရဲ့ပုံရိပ်တွေနဲ့ အခန်းလေးကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒီအခန်းလေး ကတော့ ရေမွန်ကို လွမ်းဆွတ်ခြင်းအားဖြင့် ဆိုင်ကိုလာရောက်တဲ့ လူငယ်လေးတွေ နဲ့ ချစ်တဲ့ Fanတွေအတွက် ရည်ရွယ်ပြီး အမြဲသတိတရ အမှတ်ရစရာနေရာလေးတစ်ခုအဖြစ်ထားထားခြင်း ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် Idiots Raymond Room လုပ်ထားတဲ့ ဒီအခန်းဟာ Customer table မထားဘူး လို့လည်း သိရပါတယ်။ ရေမွန်ကို ချစ်တဲ့လူငယ်တွေ ကတော့ ဒီဆိုင်လေးမှာ လာထိုင်ပြီး အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးကြ တယ်လို့ သိရပါတယ်။ ကဲ..ပရိသတ်တွေလည်း တောင်ကြီးမြို့ကို သွားရောက် ခဲ့ဖြစ်ရင် Raymond Room လေးကို သတိတရသွားလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd