ပရိတ်သတ်ကြီးရေ….Makeup Artistတစ်ဦးဖြစ်တဲ့ မိတ်ကပ်မေဦးကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်သူ့ရဲ့ သတ္တိရှိမှုတွေကိုလည်း ပရိသတ်တွေက အရမ်းကို လေးစားအားကျနေကြရတာပါ။အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ သတင်းအချက်အလက်တွေကိုတော့ မေဦးရဲ့ လူမှုကွန်ယက်များတွင် ဝေမျှပေးနေတာပါ။

မေဦးကတော့ လတ်တလောမှာ ၅ဝ၅ ပုဒ်မနဲ့ ဖမ်းဝရမ်း ထုတ်ထားခံရပြီး မော်ဒယ် ဟန်လင်း၊ ဖမ်းဆီးဖို့ကြိုးစားနေတဲ့ Miss Golden Land Myanmar ရဲ့ CEO နဲ့ Founder တွေဖြစ်ကြတဲ့ ဟန်ဇော်လတ်နဲ့ ဝေယံအောင် တို့အပြင် Gen Z Burma ရဲ့ Social Media Team အဖွဲ့ဝင် Alvin နဲ့ သပိတ်စည်းရုံးမှူး မချစ်စုမွန် တို့နဲ့အတူထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေပါတယ်။သူတို့အားလုံးဟာ အခု Free Burma Rangers ရဲ့ အကူအညီနဲ့ နယ်စပ်တနေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့ အရမ်းကိုအောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်ဘဝကနေ စွန့်လွှတ်ပြီး မေဦးကို လေးစားနေကြတာပဲဖြစ်ပါတယ်။

အနေအထိုင်နူးညံ့အေးဆေးပြီး ထိပ်တန်းမိတ်ကပ်ပညာရှင် roleတခုကိုပိုင်ဆိုင်ထားတဲ့ ဘဝကနေလက်နက်ကိုင်တွေထဲပြတ်ပြတ်သားသားဝင်သွားတဲ့အတွက် အံ့ဩဂုဏ်ယူနေကြတာပဲဖြစ်ပါတယ်။တော်လှန်ရေးအတွက် လက်နက်တွေကိုင်‌လေ့ကျင့်နေရတဲ့အတွက်လည်းအန္တာရယ်ကင်းကြဖို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေဦးရဲ့ Facebook အကောင့်တွင်အမှန်တရားဘက်တော်သားများ မှန်ကန်တဲ့လမ်းကိုရွေးဖို့ ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အရေးတော်ပုံအောင်မြင်ဖို့ ကိုယ်လမ်းကိုယ်ဖောက်ခဲ့တဲ့အကြောင်းကိုလည်းကျွန်တော်တို့ ကိုယ့်ဘဝကိုအဆုံးရှုံးမခံပါဘူအနစ်နာလည်းမခံပါဘူးစွန့်လွှတ်မှုလည်းမလုပ်ပါဘူးကျွန်တော် ရွေးချယ်တာပါကျွန်တော် ကိုယ့်လမ်းကိုယ်ဖောက်တာပါဒါကြောင့် အမှန်တရားဘက်တော်သားများမှန်ကန်သောလမ်းကိုရွေးချယ်ပါရွေးချယ်ထားသောလမ်းကိုအဆုံးထိလျှောက်ပါဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ချစ်ခင်အားပေးနေကြတဲ့ပြည်သူတွေကလည်း မေဦးကို လေးစားဂုဏ်ယူနေကြောင်းအားပေးနေတဲ့အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်..။ဒီပို့စ်အောက်မှာလည်း အားတင်းထားဖို့ အန္တာရယ်ကင်းစေဖို့ ပရိတ်သတ်တွေက ဆုတောင်းပေးထားကြတာဖြစ်ပါတယ်။ အားလုံးလည်းသိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-May Oo’s Facebook Account
Credit…..