ကပ္ေရာဂါဆိုးႀကီးေၾကာင့္ တစ္ကမၻာလုံး Stay Home ေနရတဲ့ေန႔ရက္ေတြဟာ လူတိုင္းအတြက္ ခါးသီးလြန္းပါတယ္။ ခ်စ္ခင္ရတဲ့မိသားစုေတြနဲ႔ေဝးကြာတဲ့သူေတြရွိသလို ခင္မင္ရတဲ့ အေပါင္းအသင္းမိတ္ေဆြေတြနဲ႔လည္း မေတြ႕နိုင္တာစိတ္မေကာင္း စရာပါ။ ေပ်ာ္ေပ်ာ္ပါးပါး ခရီးေတြလည္းမထြက္နိုင္ခဲ့တာ တစ္ႏွစ္ေလာက္ရွိေနၿပီမို႔ အားလုံးက Stay Home ႀကီးကို ၿငီးေငြ႕ေနၾကပါၿပီ။

ေပ်ာ္စရာမိသားစုေလးေယာက္ဘဝေလးမွာ သူမကိုတကယ္ျမတ္နိုးၿပီးခ်စ္တဲ့ခင္ပြန္းနဲ႔ အရမ္းကိုခ်စ္စရာေကာင္းတဲ့သားေလး ထပ္ေရာက္လာတာဟာ ယြန္းအတြက္ေတာ့ဆုလာဒ္တစ္ခုပါပဲ။ ခ်စ္စရာသားေလးကေတာ့ ေလာေလာဆယ္မွာ ဖိုးဖိုးဘြားဘြားတို႔နဲ႔ အတူရွိေနၿပီး ေဖေဖ ေမေမတို႔ကေတာ့ မၾကာခင္လပိုင္းမွာ ေက်ာင္းၿပီးလို႔ ျမန္မာျပည္ကို ျပန္လာေတာ့မွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ကာလေတြက မိသားစုေလးေယာက္အတူခရီးသြားခဲ့တဲ့ပုံရိပ္ေတြကို ” ဒီလိုမိသားစု ခရီးေလး ျပန္ထြက္ခ်င္မိ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ အမွတ္တရေတြကို အတူတူဖန္တီးခဲ့တဲ့အခ်ိန္ေလးေတြဟာ မိသားစုတိုင္းအတြက္ေတာ့ အေကာင္းဆုံး အခိုက္အတန႔္ေတြပါပဲ။ယခုလိုဖတ္ရႈေပးၾကတဲ့တြက္ သာယာေသာေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နုိင္ၾကပါေစ။

Credit – Cele Zone
Photo – Yun Waddy Lwin Moe

ကပ်ရောဂါဆိုးကြီးကြောင့် တစ်ကမ္ဘာလုံး Stay Home နေရတဲ့နေ့ရက်တွေဟာ လူတိုင်းအတွက် ခါးသီးလွန်းပါတယ်။ ချစ်ခင်ရတဲ့မိသားစုတွေနဲ့ဝေးကွာတဲ့သူတွေရှိသလို ခင်မင်ရတဲ့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့လည်း မတွေ့နိုင်တာစိတ်မကောင်း စရာပါ။ ပျော်ပျော်ပါးပါး ခရီးတွေလည်းမထွက်နိုင်ခဲ့တာ တစ်နှစ်လောက်ရှိနေပြီမို့ အားလုံးက Stay Home ကြီးကို ငြီးငွေ့နေကြပါပြီ။

ပျော်စရာမိသားစုလေးယောက်ဘဝလေးမှာ သူမကိုတကယ်မြတ်နိုးပြီးချစ်တဲ့ခင်ပွန်းနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့သားလေး ထပ်ရောက်လာတာဟာ ယွန်းအတွက်တော့ဆုလာဒ်တစ်ခုပါပဲ။ ချစ်စရာသားလေးကတော့ လောလောဆယ်မှာ ဖိုးဖိုးဘွားဘွားတို့နဲ့ အတူရှိနေပြီး ဖေဖေ မေမေတို့ကတော့ မကြာခင်လပိုင်းမှာ ကျောင်းပြီးလို့ မြန်မာပြည်ကို ပြန်လာတော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ကာလတွေက မိသားစုလေးယောက်အတူခရီးသွားခဲ့တဲ့ပုံရိပ်တွေကို ” ဒီလိုမိသားစု ခရီးလေး ပြန်ထွက်ချင်မိ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အမှတ်တရတွေကို အတူတူဖန်တီးခဲ့တဲ့အချိန်လေးတွေဟာ မိသားစုတိုင်းအတွက်တော့ အကောင်းဆုံး အခိုက်အတန့်တွေပါပဲ။ယခုလိုဖတ်ရှုပေးကြတဲ့တွက် သာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit – Cele Zone
Photo – Yun Waddy Lwin Moe