ျပည္သူခ်စ္ မင္းသမီးေခ်ာ ဝတ္မႈံေရႊရည္ကေတာ့ သရုပ္ေဆာင္ ဟန္ပန္အမူအယာေကာင္းရံုသာမက စိတ္သေဘာထားလည္းေကာင္းမြန္တာေၾကာင့္ အနုပညာေလာကမွာ မခ်စ္တဲ့သူမရိွသေလာက္ပါပဲ။ ဝတ္မႈံေရႊရည္ကေတာ့ အနုပညာေလာကမွာ က်င္လည္ျဖတ္သန္းလာတာၾကာျပီျဖစ္တဲ့ မင္းသမီ းတစ္လက္ျဖစ္သလို သူမေလးစားအားက်ရတဲ့ အနုပညာရွင္ေတြမ်ားစြာလည္းရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္က သူမရဲ့ အနုပညာအသိုင္းအဝုိင္းက ညီအစ္ကိုေမာင္နွမေတြရဲ့ အေၾကာင္းကိစၥၾကီးငယ္မွာ သူမတတ္နိုင္သေလာက္ေလး ကူညီေပးတတ္သူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။

ဒီတစ္ေခါက္မွာလည္း ဝတ္မႈံေရႊရည္က သူမတို့ ငယ္ငယ္ကတည္းက ခ်စ္ရတဲ့ အဆိုေတာ္ ေကာ္နီအတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ ေမြးေန့ လက္ေဆာင္ေလးတစ္ခုကို လက္ေဆာင္ေပးခဲ့တာ ေတြ့ရပါတယ္။ ဝတ္မႈံေရႊရည္က အဆိုေတာ္ ေကာ္နီရဲ့ အသစ္ထြက္ရိွတဲ့ သီခ်င္းသစ္ “ေရစက္” သီခ်င္းေလးမွာ ေမတၱာနဲ့ ပါဝင္သရုပ္ေဆာင္ေပးခဲ့ျပီး “တီေကာ္အတြက္ ကစ္ရဲ႕ ေမြးေန႔လက္ေဆာင္ 🎁” ဆိုျပီး အဆိုေတာ္ ေကာ္နီရဲ့ သီခ်င္းမွာ သူမသရုပ္ေဆာင္ေပးခဲ့တာေလးကို မွ်ေဝေပးလာပါတယ္။ ပရိသတ္ၾကီးအတြက္ ဝတ္မႈံေရႊရည္နဲ့ ေနတိုး အတူတူတြဲဖက္သရုပ္ေဆာင္ထားတဲ့ “ေရစက္” သီခ်င္း MV ေလးကို မွ်ေဝေပးလိုက္ပါ တယ္ေနာ္။

ဝတ္မႈံေရႊရည္ကေတာ့ ဒီဇင္ဘာလ (၂၁) ရက္ေန့မွာ က်ေရာက္ခဲ့တဲ့ ေကာ္နီရဲ့ ေမြးေန့မွာ အသံုးအေဆာင္ပစၥည္းေတြထက္ သူမရဲ့ အနုပညာအရည္အခ်င္းေလးကို အသံုးျပဳျပီး ေမြးေန့လက္ေဆာင္ေလးေပးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေကာ္နီရဲ့ “ေရစက္” သီခ်င္း MV ေလးကို ၾကိဳက္နွစ္သက္ၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္…

ျပည်သူချစ် မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင် ဟန်ပန်အမူအယာကောင်းရုံသာမက စိတ်သဘောထားလည်းကောင်းမွန်တာကြောင့် အနုပညာလောကမှာ မချစ်တဲ့သူမရှိသလောက်ပါပဲ။ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာတာကြာပြီဖြစ်တဲ့ မင်းသမီ းတစ်လက်ဖြစ်သလို သူမလေးစားအားကျရတဲ့ အနုပညာရှင်တွေများစွာလည်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေရဲ့ အကြောင်းကိစ္စကြီးငယ်မှာ သူမတတ်နိုင်သလောက်လေး ကူညီပေးတတ်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က သူမတို့ ငယ်ငယ်ကတည်းက ချစ်ရတဲ့ အဆိုတော် ကော်နီအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့ လက်ဆောင်လေးတစ်ခုကို လက်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က အဆိုတော် ကော်နီရဲ့ အသစ်ထွက်ရှိတဲ့ သီချင်းသစ် “ရေစက်” သီချင်းလေးမှာ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးခဲ့ပြီး “တီကော်အတွက် ကစ်ရဲ့ မွေးနေ့လက်ဆောင် 🎁” ဆိုပြီး အဆိုတော် ကော်နီရဲ့ သီချင်းမှာ သူမသရုပ်ဆောင်ပေးခဲ့တာလေးကို မျှဝေပေးလာပါတယ်။ ပရိသတ်ကြီးအတွက် ဝတ်မှုံရွှေရည်နဲ့ နေတိုး အတူတူတွဲဖက်သရုပ်ဆောင်ထားတဲ့ “ရေစက်” သီချင်း MV လေးကို မျှဝေပေးလိုက်ပါ တယ်နော်။

ဝတ်မှုံရွှေရည်ကတော့ ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကော်နီရဲ့ မွေးနေ့မှာ အသုံးအဆောင်ပစ္စည်းတွေထက် သူမရဲ့ အနုပညာအရည်အချင်းလေးကို အသုံးပြုပြီး မွေးနေ့လက်ဆောင်လေးပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကော်နီရဲ့ “ရေစက်” သီချင်း MV လေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။