



သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်သလို သီချင်းဆိုတဲ့ေ နရာမှာလည်း ထူးချွန်လွန်းတဲ့ နန်းဆုရတီစိုးကတော့ အနုပညာလောကရဲ့ ပရိသတ်အချစ်ဆုံး မင်းသမီး၊ အဆိုတော် တစ်ယောက်ပါပဲ။ နန်းဆုရတီစိုးကတော့ အခုဆိုရင် အသက်သုံးဆယ်ကျော်အ ရွယ်ရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ အနုပညာအလုပ်တွေကိုသာ အားသွန်ခွန်စိုက်နဲ့ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရတီစိုးက မလျော့သွားတဲ့အချစ်တွေနဲ့ ဆယ်စုနှစ်ကျော်တိုင် အားပေးခဲ့ကြတာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ချပြပေးနေတဲ့ နန်းဆုရတီစိုးက မကြာခင်ရက် ပိုင်းအတွင်းမှာလည်း သူမရဲ့ သီချင်းသစ်တစ်ပုဒ်ကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းဆုရတီစိုးက သူမရဲ့ ခရစ္စမတ်ည သီချင်း MV ရိုက်ကွင်းပေါ်က ပုံရိပ်တွေကိုချပြရင်း “နန်းဆုရဲ့ ခရစ္စမတ်ညသီချင်း MV ထဲက ပုံလေးတွေပါ။ ကောင်းမြတ်စံနဲ့အတူ တွဲဖက်သရုပ်ေ ဆာင်ထားပါတယ်။ မကြာခင်ထွက်ရှိလာတော့မှာပါနော်။ ဒါကြောင့် နန်းဆုရဲ့ official page လေးကို seefirst like & follow လုပ်ပြီးစောင့်ကြည့်အားပေးကြဦးနော်🥰 coming soon on my official facebook page & YouTube channel” ဆိုပြီး သတင်းကောင်းလေး ပါးလာပါတယ်။

ကောင်းမြတ်စံနဲ့ နန်းဆုရတီစိုးတို့ကတော့ ကိုရီးယားဒ ရမ်မာကားထဲက မင်းသားနဲ့ မင်းသမီးလို လိုက်ဖက်ညီလွန်းနေတာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေတောင် ဒီလောက်ကြည့်ကောင်းနေရင် MV မှာရော ဘယ်လိုမျိုးသရုပ်ဆောင်ထားကြလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nansu Yati Soe ‘s fb
Credit – Cele Connections