


Source – Shandra Shwe Si
Credit – CeleZone

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် စည်ဖြိုးနဲ့ မင်းသမီးချောလေး ခင်လွှမ်းတို့ နှစ်ဦးကတော့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းလှတဲ့ သမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဖေဖေမေမေတို့ရဲ့ အချောတွေကို ပိုင်ဆိုင်ထားတဲ့ သမီးလေးကတော့ ချစ်စရာကောင်းလွန်လှတာကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်နေခဲ့ပါ တယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းကလည်း သူတို့ရဲ့ သမီးလေးကို ချစ်ကြတဲ့ ပရိသတ်တွေများစွာရှိနေတာကြောင့် သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုမူတွေ ချစ်စရာကောင်းလှတဲ့ပုံလေးတွေကို မကြာခဏဆိုသလို ဗီဒီယိုဖိုင်တွေ ဓာတ်ပုံတွေနဲ့ တင်ပေးလေ့ရှိပါသေးတယ်။ ဒီနေ့မှာလည်း ခင်လွှမ်းကတော့ ဆံပင်တုလေး နဲ့ ဘာဘီအရုပ်မလေးတစ်ယောက်လို ချစ်ဖို့ကောင်းလှတဲ့သမီးလေးရဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

ပရိသတ်တွေကလည်း Shandra လေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကိုကြည့်ပြီး အသဲတယားယားနဲက အချစ်ပိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေထဲက Shandra ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက်လည်း Shandra Shwe Siလေ းရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Shandra Shwe Si
Credit – CeleZone

Leave a Comment

Your email address will not be published. Required fields are marked *