ပရိသတ်တွေက မဇာလေးလို့ ချစ်စနိုးနဲ့ေ ခါ်ကြတဲ့ ခင်ဇာခြည်ကျော်ကတော့ အကယ်ဒမီဆုရှင် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က သူမကိုယ်တိုင်လည်း အနုပညာလောကမှာ အောင်မြင်မှုရှိသလို သားနဲ့သမီးကိုလည်း သူတို့ဝါသနာပါရာ လမ်းကြောင်းတွေဆီ အရောက်ပို့ဆောင်ပေးနေ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ် ထင်သစ္စာတို့ကလည်း ဆယ်ကျော်သက်အရွယ်လေးတွေသာရှိသေးပေမယ့် အရွယ်လေးတွေနဲ့မလိုက်အောင် လိမ္မာရေ းခြားရှိကြတာပဲ ဖြစ်ပါတယ်။
သားနဲ့သမီးအတွက် လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးနေတဲ့ ခင်ဇာခြည်ကျော်က ဒီတစ်ခေါက်မှာလည်း သူမရဲ့ သမီးငယ်လေး ထင်သစ္စာအတွက် လက်ဆောင်လေး တစ်ခုပေးခဲ့တာကို တွေ့ရပါတယ်။ ခင်ဇာခြည်ကျော်က သူမရဲ့ လိမ္မာရေးခြားရှိပြီး အလုပ်လည်းကြိုးစား၊ စာလည်းကြိုးစားတဲ့ သမီးငယ်လေး ထင်သစ္စာကို ခရစ္စမတ်လက်ဆောင်အဖြစ် စိန်လက်စွပ်လေးတစ်ကွင်းကို ဝယ်ပေးခဲ့တယ်လို့ ထင်သစ္စာက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပ ါတယ်။
ထင်သစ္စာကတော့ ပြီးခဲ့တဲ့ မွေးနေ့အတွင်းကပဲ မေမေ့ဆီကနေ နောက်ဆုံးပေါ် iPhone တစ်လုံး လက်ဆောင်ရရှိခဲ့သလို အခုတစ်ခါလည်း စိန်လက်စွပ်လေးတစ်ကွင်းကို လက်ဆောင်အဖြစ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းသူလေး ထင်သစ္စာကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။
Source: Htin Thitsar’s fb
Credit – Cele Connections