ပရိတ်သတ်ကြီးရေ…..ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက် ရရှိထားသူကတော့သရုပ်ဆောင် ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ သူကတော့ အရင်လို အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲပြည်ပနိုင်ငံတွင် ဝါသနာပါရာ သင်တန်းတွေ တက်ရင်း အလုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သို့သော်လည်းပရိသတ်တွေနဲ့အမြဲအဆက်အသွယ်ရှိအောင် သူ့ရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့Facebook Page တွင် စာလေးတွေ ရေးသားထားတာ ဖြစ်ပါတယ်။ဒါကတော့ အလှမယ် သူဇာဝင့်လွင် ဝင်ရောက် ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကျင်းပမယ့် နေရာအထိသွားအားပေးဖို့ လေယာဉ်လက်မှတ်ပါ ဝယ်ထားပြီးပြီ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။” Miss Universe Myanmar သူဇာဝင့်လွင်ကို Miami မှာသွားအားပေးမလို့ ပွဲလက်မှတ်ရပြီ..လေယာဉ်လက်မှတ်လည်း
ဝယ်ပြီးပြီ.. ဟိုတယ်လည်း book ပြီးပြီ..ကိုယ့်မြန်မာကို အားပေးချင်လွန်းလို့ကို တကူးတက သူငယ်ချင်းChrissy နဲ့၂ ယောက်သွားကြမယ်.. Chrissy ဆို LA ကနေလာရမှာ.. သူနဲ့လည်း ပြန်မဆုံဖြစ်တာကြာပြီ.. သူများနိုင်ငံကိုယ်စားပြုတွေရင်ကော့ ကျော့မော့ပြီး ထွက်လာရချိန် သူခမျာ အခြေအနေဆိုးတွေကြားကနေ စွန့်စားပြီးတစ်ယောက်ထဲ
Hoodie ရယ် Sweatpants ရယ်ဝတ်ပြီး ထွက်လာရတာ.. ပြည်သူတွေရဲ့ ခွန်အားပေးတဲ့စကားသံလေးတွေနဲ့ ကျွန်တော်တို့ Miss Universe Myanmar လေးကို အားပေးလိုက်ကြရအောင်…Grand Final ကိုတော့လက်မှတ်မရလို့ TV ကပဲကြည့်တော့မယ်.ကြိုးစားပါညီမရေ.. Candy Thuzar ” ဆိုပြီး အားပေးစကား ပြောထားတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမအချင်းချင်း အားပေးဖို့ လေယာဉ်ဖြင့် တကူးတကသွားရောက်မယ့် ဥက္ကာမင်းမောင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။
Miss Universe ပြိုင်ပွဲကိုတော့ မေလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ယှဉ်ပြိုင်တဲ့ နေ့တွင်အလှမယ် သူဇာဝင့်လွင်အား အွန်လိုင်းမှတစ်ဆင့် Voting ပေးကြဖို့ကိုလည်း ဥက္ကာမင်းမောင်မှ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ဖော်ထုတ်ပြသနိုင်ဖို့ Miss Universe Myanmar သူဇာဝင့်လွင်ကို အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး အထူးပင်ကျေးဇူူးတင်ရှိပါတယ်..။
Crd…