မဂၤလာပါ ပရိတ္သတ္ၾကီးေရ…..ေရဗကၠာ၀င္းကေတာ့ အသံခ်ိဴခ်ိဴေလးနဲ႔ အခ်စ္သီခ်င္းေလးေတြကို သီဆိုခဲ့တာပဲျဖစ္ပါတယ္ေနာ္။ယခုအခ်ိန္မွာလည္း ဒီလိုခက္ခဲတဲ့ကာလမွာ ရပ္ေဝးရပ္နီးက ျပည္သူမ်ားစြာဟာ လုပ္ငန္းတာဝန္ကိုယ္စီကို ရပ္နားထားရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနရတာလည္းေတြ႕ရပါတယ္။ဒီလိုအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မိသားစုေတြကို ျပည္သူအခ်င္းခ်င္းကပဲ ျပန္လည္ၾကည့္ရႈကာ တတ္နိုင္သေလာက္ ကူညီေထာက္ပံ့ကာ လႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာပါ။

ဒီလိုကူညီေထာက္ပံ့မႈေတြျပဳလုပ္ေပးေနၾကတဲ့ထဲမွာ ေရဗကၠာဝင္းကလည္း အပါအဝင္ပါပဲ။တတ္နိုင္သေလာက္ လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ စားနပ္ရိကၡာမ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း အလႉရွင္မ်ားနဲ႔စုေပါင္းကာ စားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ အိမ္ေထာင္စု (၁၀၀) စာအတြက္ ဆန္၊ဆီနဲ႔ အျခားလိုအပ္တဲ့ အစားအေသာက္မ်ားကိုလႉဒါန္းခဲ့ျပန္ပါတယ္။ အလႉနဲ႔ပတ္သက္ၿပီးလည္း ” ျမန္မာႏွစ္သစ္ကူးအလႉေကာင္းမႈအျဖစ္ အိမ္ေထာင္စု ၁၀၀စာအတြက္ စားေသာက္ကုန္မ်ားျဖစ္တဲ့ေပၚဆန္းေမႊး ၃ျပည္ ေနၾကာဆီ ၁လီတာ ၾကက္သြန္နီ ၁ပိႆ ေခါက္ဆြဲေျခာက္ ၁ပါကင္ ပဲနီေလး ၁ထုပ္ Maggi စြယ္စုံသုံးဟင္းခပ္မႈန႔္ ၂ပါကင္ ၾကက္အူေခ်ာင္း ၂၀သား ပဲၾကာဇံ ၁ပါကင္ တို႔ကို ေစတနာရွင္မ်ားျဖစ္ၾကတဲ့ အႏုပညာပိုးသဘက္ Shingni Nbat (ျမစ္ႀကီးနား) ပထမျမန္မာႏွစ္ျခင္းအသင္းေတာ္ (ဆန္ဖရန္စၥကို) မင္မင္( Rebecca Win fanclub admin) မသီတာ (LA) မေထြးေထြးစိန္ (LA) Nestle Myanmar တို႔နဲ႔အတူ လိုအပ္ေနတဲ့ ျပည္သူမ်ားထံ ကုသိုလ္ဒါနျပဳခဲ့ပါတယ္ရွင္ “ေဖာ္ျပထားတာျဖစ္ပါတယ္။

Credit– Cele Zone
Photo – Rebecca Win

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..ရေဗက္ကာဝင်းကတော့ အသံချိူချိူလေးနဲ့ အချစ်သီချင်းလေးတွေကို သီဆိုခဲ့တာပဲဖြစ်ပါတယ်နော်။ယခုအချိန်မှာလည်း ဒီလိုခက်ခဲတဲ့ကာလမှာ ရပ်ဝေးရပ်နီးက ပြည်သူများစွာဟာ လုပ်ငန်းတာဝန်ကိုယ်စီကို ရပ်နားထားရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရတာလည်းတွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို ပြည်သူအချင်းချင်းကပဲ ပြန်လည်ကြည့်ရှုကာ တတ်နိုင်သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပါ။

ဒီလိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတဲ့ထဲမှာ ရေဗက္ကာဝင်းကလည်း အပါအဝင်ပါပဲ။တတ်နိုင်သလောက် လိုအပ်တဲ့နေရာများကို သွားရောက်ကာ စားနပ်ရိက္ခာများကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း အလှူရှင်များနဲ့စုပေါင်းကာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် ဆန်၊ဆီနဲ့ အခြားလိုအပ်တဲ့ အစားအသောက်များကိုလှူဒါန်းခဲ့ပြန်ပါတယ်။ အလှူနဲ့ပတ်သက်ပြီးလည်း ” မြန်မာနှစ်သစ်ကူးအလှူကောင်းမှုအဖြစ် အိမ်ထောင်စု ၁ဝဝစာအတွက် စားသောက်ကုန်များဖြစ်တဲ့ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ကြက်သွန်နီ ၁ပိဿ ခေါက်ဆွဲခြောက် ၁ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံသုံးဟင်းခပ်မှုန့် ၂ပါကင် ကြက်အူချောင်း ၂ဝသား ပဲကြာဇံ ၁ပါကင် တို့ကို စေတနာရှင်များဖြစ်ကြတဲ့ အနုပညာပိုးသဘက် Shingni Nbat (မြစ်ကြီးနား) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) မင်မင်( Rebecca Win fanclub admin) မသီတာ (LA) မထွေးထွေးစိန် (LA) Nestle Myanmar တို့နဲ့အတူ လိုအပ်နေတဲ့ ပြည်သူများထံ ကုသိုလ်ဒါနပြုခဲ့ပါတယ်ရှင် “ဖော်ပြထားတာဖြစ်ပါတယ်။

Credit– Cele Zone
Photo – Rebecca Win