


Source : Htoo Ei Lynn
credit – Myanmarload

ပရိတ်သတ်ကြီးရေ…….အဆိုတော်ထူးအယ်လင်းဟာဆိုရင် အသံသြဇာနဲ့ပြည်စုံတဲ့ အဆိုတော်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူ ထားနိုင်ခဲ့ကာ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်ေ တွထဲမှာ တစ်ယောက်အ ပါအဝင်ဖြစ်ပါတယ်။ အဆွေးသီချင်းလေးတွေ၊ အမိုက်စားသီချင်းလေးတွေကို သီဆိုလေ့ရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ ထူးအယ်လင်းကတော့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေသူတစ်ယောက်ဖြစ်ပါတယ်နော်….။

ထူးးအယ်လင်းက အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက် ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ထူးအယ်လင်းကတော့ အားလပ်းတဲ့ အချိန်တွေမှာ မိသားစုကိုအချိန်ပေးလျက် ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ကိုင် လျက်ရှိနေတဲ့ ထူးအယ်လင်းကတော့ ဝေးလံပြီး အမှန်အကယ်အကူအညီလိုအပ်နေတဲ့နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ် ပါတယ်။

ထူးအယ်လင်းကတော့ ယခုမှာ ယာယီနေနေတဲ့ေ နရာလေးက အလှူပြုလုပ်အပြီး သရဲအရမ်းခြောက်ကာ ဝင်ပူးတာတွေခံနေလို့ မိဘမဲ့ဂေဟာအတွက် မြေကွက်သစ်သွားဝယ်ပေးနေခဲ့ပါတယ်။ မော်လမြိုင်မြို့ကိုဖြတ်ရင်း သရဲ​ခြောက်ရတဲ့အကြောင်းအရင်းကို သေသေချာချာပြောပြနေတဲ့ ထူးအယ်လင်းရဲ့ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ထူးအယ်လင်းရဲ့ အဆိုပါအကြောင်းပြောပြနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Htoo Ei Lynn
credit – Myanmarload