


Credit

အနုပညာလုပ်ငန်းတွေလုပ်တုန်းမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုနဲ့တူတူအောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တာကတော့ ပရိသတ်အချစ်တော် ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ သူမကတော့လက်ရှိအချိန်မှာ အနုပညာအလုပ်တွေနည်းသွားပြီး ပရဟိတ လုပ်ငန်းတွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

သူရဲ့တစ်စိုက်မက်မက်ကြိုးစားအားထုတ်မှုတွေကြောင့် ပရဟိတလုပ်တွေ လည်းအောင်မြင်ပြီး ပရိသတ်တိုင်းအားကျနေရတာဖြစ်ပါတယ်.မွန်မြတ်တဲ့ပရဟိတလုပ်ငန်းတွေကြောင့် အလှူရှင်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပြီး လှူဒါန်းနေတာလေးကလည်းမြင်သူကိုပိတိဖြစ်စေမိတာအမှန်ပါပဲ.မကြာခင်မှာလည်း ကလေးတွေနားခိုဖို့ပရဟိတဂေဟာကြီးပြီးဆုံးတော့မှာဖြစ်တာကြောင့် ပရဟိတအလုပ်တွေကို ပိုပြီးလုပ်နိုင်တော့မှာလည်းဖြစ်ပါတယ်။

သူမကတော့ ပရဟိတအလုပ်တွေကို အမြဲအချိန်ပေးလုပ်ပေးနေပေမယ့်လည်း သူချစ်တဲ့ပရိသတ်တွေ အတွက်လည်းအမြဲမပြတ်ရှိနေတဲ့သူတစ်ယောက်ပါ.တစ်ခါတလေ မှာလည်း ပရိသတ်တွေအတွက်ချစ်စရာကောင်းတဲ့videoလေးတွေကိုတင်လေ့ရှိပြီးချစ်မဝဖြစ်နေကြတာပါ။ အခုမှာလည်း ဦးခေါင်းမှာ ဆံပင်ဖြူတွေ ထွက်နေတဲ့ချစ်သူလေးကို တယုတယရှာပြီး နှုတ်ပေးနေတဲ့ ခိုင်နှင်းဝေ ချစ်သူရဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ Tik Tok အကောင့်တွင် ဝေမျှထားပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit