အသက္ေလးဆယ္မွဘဝစတာဆို မေအးေသာင္းက အသက္သုံးဆယ္ေက်ာ္အမ်ိဳးသမီးမို႔ ဘဝမစေသးတဲ့ ကေလးတစ္ေယာက္ပဲလို႔ ဆိုရေတာ့မလိုပါပဲပရိသတ္ႀကီးေရ။ အသက္အရြယ္နဲ႔လိုက္ဖက္ေအာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ က်က္သေရရွိလြန္းတဲ့ ျမန္မာဝတ္စုံေလးေတြကို တျမတ္တနိုးဝတ္တတ္သလို တစ္ခါတေလမွာလည္း လူငယ္ဆန္ဆန္ ေပါ့ေပါ့ပါးပါးပုံေလးေတြလည္း ဝတ္တတ္ပါေသးတယ္။

သူမရဲ့စြဲမက္ဖြယ္ပုံရိပ္ေတြကို ” မင္းကို စိတ္ကုန္တာတစ္ခုက တျခားမိန္းကေလးေတြ ေအာက္မွာ ေကာမန႔္သြားေပး အသဲသြားေပး ေနတာကိုပဲ။ ကိုယ္ကလည္းမျမင္ခ်င္ေယာင္ ေဆာင္မေနတတ္ေတာ့ခက္ေနၿပီ ” ဆိုၿပီး ေဝမၽွခဲ့ပါတယ္။ အပ်ိဳႀကီးက စိတ္ေကာက္ တာေတာင္ ခ်စ္စရာေကာင္းလြန္းေနေတာ့ မေအးေသာင္းရဲ့ခ်စ္သူဆိုရင္ေတာ့ ဘယ္ေလာက္ေတာင္ အခ်စ္ပိုလိုက္မလဲဆိုတာ ေျပာစရာေတာင္မလိုပါဘူး။

သူမရဲ့လြတ္လပ္ေပါ့ပါးတဲ့ပုံရိပ္ေလးေတြကို ေဝမၽွၿပီးေနာက္ ” အသက္ေတြလည္းႀကီးပီ ဘုရားတရားေလးလုပ္ (စတာေနာ္ ခ်စ္တယ္) ” ဆိုၿပီး စေနာက္ကာမွတ္ခ်က္ေပးတဲ့ ပရိသတ္ တစ္ေယာက္ကို ” ဘုရားတရားလည္းလုပ္တယ္ မဟားဒရားလည္းလုပ္တယ္ ခ်စ္ညီမေလး ” ဆိုၿပီး ျပန္လည္စေနာက္ခဲ့ပါတယ္။ ဒီမွတ္ခ်က္ေလးကိုျမင္ရတဲ့ပရိသတ္ေတြလည္း အေတာ္ေလးသေဘာက်ၿပီး ရယ္ေမာခဲ့ၾကပါတယ္။

Credit – Cele Zone
Photo – Aye Thaung

အသက်လေးဆယ်မှဘဝစတာဆို မအေးသောင်းက အသက်သုံးဆယ်ကျော်အမျိုးသမီးမို့ ဘဝမစသေးတဲ့ ကလေးတစ်ယောက်ပဲလို့ ဆိုရတော့မလိုပါပဲပရိသတ်ကြီးရေ။ အသက်အရွယ်နဲ့လိုက်ဖက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိလွန်းတဲ့ မြန်မာဝတ်စုံလေးတွေကို တမြတ်တနိုးဝတ်တတ်သလို တစ်ခါတလေမှာလည်း လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးပုံလေးတွေလည်း ဝတ်တတ်ပါသေးတယ်။

သူမရဲ့စွဲမက်ဖွယ်ပုံရိပ်တွေကို ” မင်းကို စိတ်ကုန်တာတစ်ခုက တခြားမိန်းကလေးတွေ အောက်မှာ ကောမန့်သွားပေး အသဲသွားပေး နေတာကိုပဲ။ ကိုယ်ကလည်းမမြင်ချင်ယောင် ဆောင်မနေတတ်တော့ခက်နေပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ အပျိုကြီးက စိတ်ကောက် တာတောင် ချစ်စရာကောင်းလွန်းနေတော့ မအေးသောင်းရဲ့ချစ်သူဆိုရင်တော့ ဘယ်လောက်တောင် အချစ်ပိုလိုက်မလဲဆိုတာ ပြောစရာတောင်မလိုပါဘူး။

သူမရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံရိပ်လေးတွေကို ဝေမျှပြီးနောက် ” အသက်တွေလည်းကြီးပီ ဘုရားတရားလေးလုပ် (စတာနော် ချစ်တယ်) ” ဆိုပြီး စနောက်ကာမှတ်ချက်ပေးတဲ့ ပရိသတ် တစ်ယောက်ကို ” ဘုရားတရားလည်းလုပ်တယ် မဟားဒရားလည်းလုပ်တယ် ချစ်ညီမလေး ” ဆိုပြီး ပြန်လည်စနောက်ခဲ့ပါတယ်။ ဒီမှတ်ချက်လေးကိုမြင်ရတဲ့ပရိသတ်တွေလည်း အတော်လေးသဘောကျပြီး ရယ်မောခဲ့ကြပါတယ်။

Credit – Cele Zone
Photo – Aye Thaung