မင္းသမီးေခ်ာေလးေအးေသာင္းကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားႏိုင္ခဲ့ကာ ခ်စ္စရာေကာင္းလြန္းတဲ့ အၿပဳံးေလးေတြကို ပိုင္ဆိုင္ထားႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူမကေတာ့ ယခုမွာ အသက္ႀကီးၿပီးလွေနတာျမင္ရင္ အားက်တာမို႔ ကိုယ္တိုင္ႀကိဳးႀကိဳးစားစားနဲ႔ Gymေလ့က်င့္ေနၿပီး အမိုက္စားကိုယ္လုံးကိုရရွိေနၿပီျဖစ္ပါတယ္။

သူမကေတာ့ “ငယ္ငယ္တုန္းဆို ဝ တယ္ဆိုတာဘာလဲကိုမသိတာ၁၆ ကေန ၂၂ ေလာက္ထိကပိန္ဖို႔ကိုေခါင္းထဲမရွိဖူးဘူး။ ဒါေပမဲ့ ၂၄ မွာ ဝိတ္မတက္ဖို႔ေတာ့ စသိလာၿပီ။ မိန္းကေလးတစ္ေယာက္က အသက္ ၂၄ မွာစၿပီးအဆီတက္လာတာ တဲ့။ ၃၀ ေက်ာ္ရင္ပိုတက္ျမန္သလို၃၅ ေက်ာ္ရင္ေလရႉေတာင္ တက္ပါတယ္ တဲ့ကိုယ့္ေရွ႕က စီနီယာရဲ႕ ေျပာသံေတြေၾကာင့္အၿမဲ နားရည္ဝေနတာ။ ဝတဲ့အေၾကာင္းေတြကေတာ့အမ်ားႀကီးပါပဲကိုယ္ႀကိဳက္တဲ့အစားအေသာက္ေတြအလုပ္အကိုင္ေတြလည္းပါတယ္။ ဥပမာ- တေနကုန္ထိုင္ၿပီးအလုပ္လုပ္ရတဲ့သူလား။

အျပင္ထြက္လုပ္ရတဲ့သူလား။ေနာက္ေတာ့မ်ိဳ႐ိုးဗီဇေပါ့။ ငယ္တဲ့သူေတြလွတာေတြ႕ရင္ ကိုယ့္အတြက္ေတာ့တကယ္မထူးဆန္းဘူး။ ငယ္ဂုဏ္ေၾကာင့္ ဘယ္လိုေနေနလွတယ္။ ငယ္တုန္းဝရင္ ျပည့္ျပည့္ေလးနဲ႔ စက္စီေတာင္က်ေသး။ ႀကီးလို႔ဝလာရင္အဆီတုံးကမလိုတဲ့ေနရာေတြမွာ အတစ္လိုက္ေတြထြက္ေနတာ။ ဒါေၾကာင့္အသက္ႀကီးၿပီးလွတာေတြ႕ရင္ပိုအားက်တယ္ ပို သေဘာက်တယ္။ appreciate လည္းလုပ္တယ္။ အထူးသျဖင့္ ၃၀ ေက်ာ္မွာ လွေနေသးရင္ အဲ့ဒီ့ အမ်ိဳးသမီးကတသက္လုံးလွေနမဲ့သူလို႔အၾကမ္းဖ်င္းေျပာလို႔ရပါတယ္ “ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

သူမကေတာ့ ” ကိုယ့္တစ္ေယာက္ထဲအႀကိဳက္ေပါ့ေနာ္အျမင္တူခ်င္မွတူမွာပါ။ အဲ့ဒါကေတာ့အစားေလ်ာ့ၿပီးပိန္တာ ႀကိဳက္ေပမဲ့အသားေပ်ာ့ၿပီးေလ်ာ့တိေလ်ာ့တြဲျဖစ္ေနတာေတြမႀကိဳက္လို႔Gym ေဆာ့တာပါ။ အစားလည္းထိန္းမယ္ ေသခ်ာလည္းေဆာ့မယ္။ပိုၿပီးက်န္းမာသန္စြမ္းတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ခ်င္ပါတယ္ေနာ္။ ဆက္လက္ႀကိဳးစားပါအုံးမည္…..Gym ေဆာ့တာ ၃ ပါတ္ေျမာက္အဆီေလးေတြေက်ာ္ၾကည့္ေပးပါ” ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ မင္းသမီးေခ်ာေလးမေအးေသာင္းရဲ႕ ေလ့က်င့္ခန္းျပဳလုပ္ေနတဲ့ ခ်စ္စရာပုံရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source : Aye wutyi thaung
Credit – Myanmarload

မင်းသမီးချောလေးအေးသောင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ကာ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အသက်ကြီးပြီးလှနေတာမြင်ရင် အားကျတာမို့ ကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ Gymလေ့ကျင့်နေပြီး အမိုက်စားကိုယ်လုံးကိုရရှိနေပြီဖြစ်ပါတယ်။

သူမကတော့ “ငယ်ငယ်တုန်းဆို ဝ တယ်ဆိုတာဘာလဲကိုမသိတာ၁၆ ကနေ ၂၂ လောက်ထိကပိန်ဖို့ကိုခေါင်းထဲမရှိဖူးဘူး။ ဒါပေမဲ့ ၂၄ မှာ ဝိတ်မတက်ဖို့တော့ စသိလာပြီ။ မိန်းကလေးတစ်ယောက်က အသက် ၂၄ မှာစပြီးအဆီတက်လာတာ တဲ့။ ၃၀ ကျော်ရင်ပိုတက်မြန်သလို၃၅ ကျော်ရင်လေရှူတောင် တက်ပါတယ် တဲ့ကိုယ့်ရှေ့က စီနီယာရဲ့ ပြောသံတွေကြောင့်အမြဲ နားရည်ဝနေတာ။ ဝတဲ့အကြောင်းတွေကတော့အများကြီးပါပဲကိုယ်ကြိုက်တဲ့အစားအသောက်တွေအလုပ်အကိုင်တွေလည်းပါတယ်။ ဥပမာ- တနေကုန်ထိုင်ပြီးအလုပ်လုပ်ရတဲ့သူလား။

အပြင်ထွက်လုပ်ရတဲ့သူလား။နောက်တော့မျိုရိုးဗီဇပေါ့။ ငယ်တဲ့သူတွေလှတာတွေ့ရင် ကိုယ့်အတွက်တော့တကယ်မထူးဆန်းဘူး။ ငယ်ဂုဏ်ကြောင့် ဘယ်လိုနေနေလှတယ်။ ငယ်တုန်းဝရင် ပြည့်ပြည့်လေးနဲ့ စက်စီတောင်ကျသေး။ ကြီးလို့ဝလာရင်အဆီတုံးကမလိုတဲ့နေရာတွေမှာ အတစ်လိုက်တွေထွက်နေတာ။ ဒါကြောင့်အသက်ကြီးပြီးလှတာတွေ့ရင်ပိုအားကျတယ် ပို သဘောကျတယ်။ appreciate လည်းလုပ်တယ်။ အထူးသဖြင့် ၃၀ ကျော်မှာ လှနေသေးရင် အဲ့ဒီ့ အမျိုးသမီးကတသက်လုံးလှနေမဲ့သူလို့အကြမ်းဖျင်းပြောလို့ရပါတယ် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

သူမကတော့ ” ကိုယ့်တစ်ယောက်ထဲအကြိုက်ပေါ့နော်အမြင်တူချင်မှတူမှာပါ။ အဲ့ဒါကတော့အစားလျော့ပြီးပိန်တာ ကြိုက်ပေမဲ့အသားပျော့ပြီးလျော့တိလျော့တွဲဖြစ်နေတာတွေမကြိုက်လို့Gym ဆော့တာပါ။ အစားလည်းထိန်းမယ် သေချာလည်းဆော့မယ်။ပိုပြီးကျန်းမာသန်စွမ်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ်နော်။ ဆက်လက်ကြိုးစားပါအုံးမည်…..Gym ဆော့တာ ၃ ပါတ်မြောက်အဆီလေးတွေကျော်ကြည့်ပေးပါ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမအေးသောင်းရဲ့ လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Aye wutyi thaung
Credit – Myanmarload