မမွီဝဲနဲ႔ကင္းေအာင္ေန ဇာတ္လမ္းတြဲထဲက ဦးေဗဒါ ဇာတ္႐ုပ္နဲ႔ ပရိသတ္ အားေပးမႈ အခိုင္အမာရရွိခဲ့တဲ့ သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္ကေတာ့ အႏုပညာအလုပ္ေတြ ရပ္နားထားရစဥ္က သူတတ္စြမ္းတဲ့ ေဆးပညာနဲ႔ ေလျဖတ္ေလငန္းနဲ႔ အေၾကာေရာဂါ အမ်ိဳးမ်ိဳးကို ေငြေၾကး တျပားတခ်ပ္မွ မယူပဲ အခမဲ့ ကုသေပးေနတဲ့ သူတစ္ေယာက္ပါ ။ လတ္တေလာမွာေတာ့ အသက္ (၉၀) ေက်ာ္ အဖြားတစ္ေယာက္ရဲ့အသက္ကိုကယ္တင္လိုက္နိုင္တယ္လို႔ သိရပါတယ္ ။

အသက္ရွင္ခြင့္ေလး တစ္ရက္တာ လူျဖစ္ရက်ိဳး နပ္ခဲ့ရျပန္ၿပီေလ ဒီေန႔အသက္၉၈ ႏွစ္ရွိတဲ့ အေမႀကီးရဲ့ထုံက်င္ကိုက္ခဲေနတဲ့ ေရာဂါေဝဒနာမ်ားကိုပါရမီျဖည့္ ကုသခြင့္ရခဲ့ျခင္းေၾကာင့္ လည္းေကာင္း ၊ ၇ ရက္သားသမီးမ်ားရဲ့ေရာဂါေဝဒနာမ်ားကိုကုသပါရမီျဖည့္ရျခင္းေၾကာင့္လည္းေကာင္း ၊ ဘုရားတည္ဖို႔ရာလာေရာက္ကာ ေဆးကုသမႈခံယူၾကရင္း အလႉေငြမ်ားထည့္ ဝင္သြားမႈမ်ားကိုလည္းေကာင္း သာဓုအႀကိမ္ႀကိမ္ေခၚဆိုေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပခဲ့ ပါတယ္ ။

သာဓုအႀကိမ္ႀကိမ္ေခၚဆိုရင္း လူမ်ိဳးမေရြးဘာသာမေရြး လူသားခ်င္း ကိုယ္ခ်င္းစာတဲ့ စိတ္ေလးနဲ႔ ဒီဘဝ ၇ရက္သားသမီးမ်ားရဲ့ ထုံ က်င္ ကိုက္ခဲေနေသာေရာဂါေဝဒါမ်ားကို သက္သာေပ်ာက္ကင္းေအာင္ ကုသၿပီးပါရမီျဖည့္ခြင့္ေလးေပးပါတဲ့ ရတနာသုံးပါ းအားဦးထိပ္ပန္ဆင္ကန္ေတာ့ရင္း ဒီကေန႔လူျဖစ္ရက်ိဳးေလးနပ္ခဲ့ျပန္ၿပီ ျဖစ္ေၾကာင္းကိုလည္း ေရးသားထားပါေသးတယ္ ။

Source : Htoo Khant Kyaw
Credit ;(Yaung Chi)

မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲက ဦးဗေဒါ ဇာတ်ရုပ်နဲ့ ပရိသတ် အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရစဉ်က သူတတ်စွမ်းတဲ့ ဆေးပညာနဲ့ လေဖြတ်လေငန်းနဲ့ အကြောရောဂါ အမျိုးမျိုးကို ငွေကြေး တပြားတချပ်မှ မယူပဲ အခမဲ့ ကုသပေးနေတဲ့ သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ် ။

အသက်ရှင်ခွင့်လေး တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရပြန်ပြီလေ ဒီနေ့အသက်၉၈ နှစ်ရှိတဲ့ အမေကြီးရဲ့ထုံကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကိုပါရမီဖြည့် ကုသခွင့်ရခဲ့ခြင်းကြောင့် လည်းကောင်း ၊ ၇ ရက်သားသမီးများရဲ့ရောဂါဝေဒနာများကိုကုသပါရမီဖြည့်ရခြင်းကြောင့်လည်းကောင်း ၊ ဘုရားတည်ဖို့ရာလာရောက်ကာ ဆေးကုသမှုခံယူကြရင်း အလှူငွေများထည့် ဝင်သွားမှုများကိုလည်းကောင်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ ပါတယ် ။

သာဓုအကြိမ်ကြိမ်ခေါ်ဆိုရင်း လူမျိုးမရွေးဘာသာမရွေး လူသားချင်း ကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ ဒီဘဝ ရရက်သားသမီးများရဲ့ ထုံ ကျင် ကိုက်ခဲနေသောရောဂါဝေဒါများကို သက်သာပျောက်ကင်းအောင် ကုသပြီးပါရမီဖြည့်ခွင့်လေးပေးပါတဲ့ ရတနာသုံးပါ းအားဦးထိပ်ပန်ဆင်ကန်တော့ရင်း ဒီကနေ့လူဖြစ်ရကျိုးလေးနပ်ခဲ့ပြန်ပြီ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ် ။

Source : Htoo Khant Kyaw
Credit ;(Yaung Chi)