ပရိတ်သတ်ကြီးရေ…..အဆိုတော်အာဘွိုင်းနဲ့မော်ဒယ်သရုပ်ဆောင်မြတ်ရတနာကျော်တို့ကတော့ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခံထားရတဲ့အပြင် အနုပညာညီကိုမောင်နှမတွေကပါချစ်ခင်ကြတာတွေ့ရပါတယ်။အာဘွိုင်းကလည်း ချစ်ဇနီးချောလေးအတွက် ခင်ပွန်းကောင်းအဖြစ် ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးပြီး လက်တွဲခိုင်မြဲကြတာကိုလည်း တွေ့ရပါတယ်။

အာဘွိုင်းကတော့ လက်ရှိမှာ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီး ချစ်စရာ သမီးချောလေးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတာ တွေ့ရပါတယ်။ Scarlettလေးဟာလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေးဝင်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။

ချစ်စရာအရမ်းကောင်းတဲ့ scarlett လေးကလည်း တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်ကာ အခုလည်း အိုက်တင်မျိုးစုံပေးကာ ဓာတ်ပုံအရိုက်ခံနေတဲ့ သမီးလေးကိုကြည့်ပြီး ချစ်မဝဖြစ်ကာ ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ပရိစယသတ်ကြီးအတွက် scarlett လေးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Credit – Cele Zone
Photo – Kyaw Phyo Tun