ပရိတ်သတ်ကြီးရေ…ဇာတ်လမ်းတွဲများစွာရိုက်ကူးရင်း ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ မင်းသမီးချောဟာဆိုရင်မြနှင်းရည်လွင်ပဲဖြစ်ပါတယ်နော်။မြနှင်းရည်လွင်ဟာဆိုရင် သူမပါဝင်ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်အခိုင်အမာရရှိပြီး အနုပညာလမ်းကြောင်းကိုအောင်မြင်မှုတွေနဲ့လျှောက်လှမ်းလာနိုင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။မြနှင်းရည်လွင်က မာယာလှည့်ကွက်ဇာတ်လမ်းတွဲမှာ ဒေါ်ဟန်နီချိုကာရိုက်တာကို အံဝင်ဂွင်ကျသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့အချစ်တွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါ တယ်။

မြနှင်းရည်လွင်ရဲ့ထူးခြားတဲ့ရုပ်ရည်ဟာဆိုရင် မြန်မာနိုင်ငံရဲ့မိခင်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ရုပ်ရည်ခြင်းဆင်တာကြောင့် ပရိတ်သတ်တွေကပိုမိုချစ်ခင်နေကြတာပဲဖြစ်ပါတယ်.။သူမဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေမှာ ပြည်သူလူထုနဲ့အတူရပ်တည်ခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှတက်ကြွစွာနဲ့ပါဝင်ခဲ့တာပဲဖြစ်ပါ တယ်နော်။

လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ခဲ့တဲ့သူမကို ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုအရေးယူခြင်းခံနေရတဲ့မြနှင်းရည်လွင်က လက်ရှိမှာဆိုရင် လုံခြုံရေးအရ အခြားတစ်နေရာမှာရှောင်တိမ်းနေရတာပဲဖြစ်ပါတယ်နော်။ဒီတစ်ခါမှာဆိုရင်လည်းမြနှင်းရည်လွင်က လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်တော့မှာသွေးအေးမသွားပဲအခွင့်အရေးရရင်ရသလို အာဏာရှင်ကို ဖီဆန်သွားမှာဖြစ်ကြောင်းနဲ့သူမချစ်တဲ့မြန်မာနိုင်ငံအပေါ်လေးနက်တဲ့သစ္စာစကားဆိုလိုက်တာပဲဖြစ်ပါ တယ်နော်…။

အဲ့ဒါကတော့ “ဒီလိုအချိန်မှာ ကျမကိုလူသိဖို့မသိဖို့ like များဖို့မများဖို့ follower တိုးဖို့မတိုးဖို့ထက် ကျမရဲ့ပုံတစ်ပုံစာတစ်ကြောင်း ပို့စ်တစ်ခုကနေ လူတစ်ယောက်ပဲရရ ဘယ်နှစ်ယောက်ပဲမြင်မြင် အဲ့လူတွေအတွက် နေ့စဉ်နေ့တိုင်းသွေးမအေးသွားဖို့ဖြစ်တယ် အခွင့်အရေးရရင်ရသလိုဘယ်နည်းနဲ့မဆို အာဏာရှင်ကိုဖီဆန်နေတယ် ရတဲ့နည်းနဲ့တော်လှန်နေသေးတယ်ဆိုတဲ့စိတ်ပဲကျမခေါင်းထဲရှိပါတယ် ဒါကျမရဲ့နိုင်ငံအပေါ်ထားတဲ့သစ္စာတရားပါပဲ✊🏼” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။သူမရဲ့နိုင်ငံတော်အပေါ်ထားရှိတဲ့ ပြတ်သားတဲ့စိတ်ဓာတ်ကို ပရိတ်သတ်တွေလည်း အားပေးချီးကျူးထားတာကိုတွေ့မြင်ရပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ် တဟ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Source ; Mya Hnin Yee Lwin Facebook acc

Credit ; Celebrity Platforms





